မြောက်ကျွန်း
ဗုဒ္ဓဘာသာကျမ်းဂန်လာတွင် မြင်းမိုရ်တောင်၏ ပတ်လည်ရှိလူဘုံ မနုဿဘုံ တွင်
၁။ ပုဗ္ဗ ဝိဒေဟ - အရှေ့ကျွန်း။
၂။ အပရ ဂေါယာန - အ နောက်ကျွန်း
၃။ ဇမ္ဗူ ဒီပ - တောင်ကျွန်း။
၄။ တောင်ကျွန်း ဟူသောကျွန်းကြီး ၄ ကျွန်း ရှိသည်။
ကျွန်းကြီး ၄ ကျွန်းတွင်တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း ၅၀၀ စီ ရံထားလေသည်။
ထို့ကြောင့် ကျွန်းငယ် ၂၀၀၀ ရှိသည်။ ကျွန်းကြီး ၄ ကျွန်း၊ ကျွန်းငယ် ၂၀၀၀ ရှိသောမနုဿတို့၏ နေရာကို လူ့ဘုံ ဟု ခေါ်သည်။
မြောက်ကျွန်း
မြောက်ကျွန်း သည် ဗုဒ္ဓဘာသာကျမ်းဂန်လာတွင် မြင်းမိုရ်တောင်၏ ပတ်လည်ရှိ ကျွန်းကြီးလေးကျွန်းအနက် မြောက်ဘက်၌ တည်ရှိသော ဥတ္တရကုရု အမည်ရသည့် ကျွန်းဖြစ်သည်။
ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း (သို့) ဇမ္ဗူဒိပ်ကျွန်း၏ ဆန့်ကျင်ဘက် အခြားတဘက်၌ တည်ရှိသည်။
ရွှေရောင်တောက်နေသော မြောက်ကျွန်း၌ နေကြသောလူတို့သည် ငါ၏ဥစ္စာဟု စွဲလမ်းခြင်း၊ ငါ၏မယားဟု စွဲလမ်းခြင်း သိမ်းပိုက်ခြင်းတို့မရှိ။
ကျွန်းသားတို့သည် အိပ်လိုသည့်အခါ အိပ်ယာများသည် မြေ၌အဆင်သင့် ဖြစ်နေ၏ အနောက်ကျွန်းသားတို့ကဲ့သို့ မြေ၌အိပ်ကြသည်။
ဗုဒ္ဓဘုရားရှင်လက်ထက် ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ရောဂါများအဖြစ်များသောအခါတွင် နေရာတိုင်းတွင် မြင်မကောင်းအောင် အရိုးများဖွေးဖွေးဖြူနေသည့်အတွက်ကြောင့် အရှင်မဟာမောဂ္ဂလန်က အရှင်ဘုရား၊ အားလုံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ စားစရာအလျှူခံထွက်ပါစေဟု လျှောက်၏။
ဗုဒ္ဓက ထိုသို့ စားစရာအလျှူခံထွက်ခြင်းသည် မသင့်လျော် မလျောက်ပတ်သောကြောင့် ငြင်းပယ်ခဲ့သည်။
ဇောတိကသူဌေး၏ ကြင်ယာတော်သည် နတ်တို့ပင့်လာသော မြောက်ကျွန်းသူ ဖြစ်သည်။
ကိုးကား
ပါထိက၊ နှာ ၁၉၄၊ ပိုဒ် ၂၉၁။
မူလပဏ္ဏာသ၊ နှာ ၂၉၃၊ ပိုဒ် ၅၁၃။
ပါရာဇိကဏ်၊ နှာ ၁၀၊ ပိုဒ် ၁၇။
ပါထိက၊ နှာ ၁၈၇၊ ပိုဒ် ၂၈၁။
မဟာဝါ၊ နှာ ၄၀၊ ပိုဒ် ၄၃။
ထေရာပဒါန်၊ နှာ ၁၇၊ ပိုဒ် ၁၈၆၊ နှာ ၄၄၅၊ ပိုဒ် ၁၃၆။
ထေရီပဒါန်၊ နှာ ၇၆၊ ပိုဒ် ၃၃၆။
မိလိန္ဒပဉှာ၊ ဥတ္တရကုရုကာဒိဂမနပဉှာ၊ နှာ ၁၁၀၊ ပိုဒ် ၉။
နဝအင်္ဂုတ္တရအဌကထာ
ကဏ္ဍ: ဗုဒ္ဓဘာသာ ဒဏ္ဍာရီ
Long Road Ahead by Kevin MacLeod is licensed under a Creative Commons Attribution 4.0. creativecommon...
source- incompetech.com...
A musician-
incompetech.com/
Негізгі бет North Island from the Buddhist scriptures (မြောက်ကျွန်း)
Пікірлер: 37