တချို့တွေ နေနိုင်လွန်းတယ်... တဲ့ ။
ဒီစကားက စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ လူငယ်လေးတွေရဲ့ မချင့်မရဲ စကားသံလေး အချို့ပါ။ ပေးဆပ်ရတာတွေ များနေပေမယ့်၊ လျှောက်တဲ့လမ်းလည်း မှန်နေပေမယ့် ကိုယ်နဲ့အတူ ရပ်တည်ခဲ့တဲ့သူတွေ တစတစ လွင့်ပါးပျောက်ကွယ်လာတဲ့အခါ ရေရွတ်ဖြစ်တဲ့ စကားလေးပါ။
ဒီစကား စာသားလေးပါဝင်တဲ့ "နောက်ဆုံးအိပ်မက်" သီချင်းလေးကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ လူငယ်များက မကြာခင်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် ရည်ရွယ် သီဆိုထားပါတယ်။
နေ့သစ်ရဲ့ အရုဏ်ဦးမှာ ယုံကြည်ချက် ဆူးတွေဖွင့်... နီရဲတဲ့ နှင်းဆီတပွင့်အဖြစ် ပြည်သူအများအနေနဲ့လည်း ယုံကြည်ရာကို ရဲဝံ့ကာ၊ ဓမ္မကို ဆက်လက်ကာကွယ်နိုင်ကြစေကြောင်း ကျွန်တော်တို့မှ တပါတည်း ဆန္ဒပြုအပ်လိုက်ပါရစေ..။
ဒီတခါ "နောက်ဆုံးအိပ်မက်" က နိုးတဲ့အခါ နိုင်ငံတော်သစ်ဆီ မျှော်ရည်နိုင်စေဖို့......။
Негізгі бет နောက်ဆုံးအိပ်မက် (Cover)
Пікірлер: 1