နွားနို့ယို
ဒီတခေါက်ကတော့ လူကြိုက်အရမ်းများတဲ့ "နွားနို့ယို" လေးကိုလုပ်ပြမှာပဲဖြစ်ပါတယ်။ အခုနည်းလေးကတော့ အချိန်အရမ်းမကြာပဲ လုပ်လို့ရတဲ့နည်းလေးဖြစ်ပါတယ်။ ဒီနည်းလေးထဲမှာ နို့မှုန့်ကိုထည့်သုံးထားပါတယ်။ နို့မှုန့်ကိုနွားနို့နဲ့ရောတဲ့အခါမှာဖြစ်တတ်တဲ့ တခုလေးကိုလဲထည့်ပြောပေးထားပါတယ်။ နွားနို့ယို ကောင်းကောင်းလေးကို အိမ်မှာလုပ်စားဖို့အတွက် ဒီVideo လေးကို ကြည့်ကြည့်လိုက်နော်။
ပါဝင်သောပစ္စည်းများ
၁။ နွားနို့ - ၂လီတာ
၂။ နို့မှုန့် - ၄ ခွက် (၁ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
၃။ သကြား - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း
၄။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
Негізгі бет နွားနို့ယို
Пікірлер: 4