“စစ်ကောင်စီကငွေကြေးထုတ်တာတွေကန့်သတ်လာတာဟာ သူတို့ စနစ်အလုပ်မလုပ်နိုင်တော့ဘဲ နိဂုံးနဲ့ နီးလာတာဖြစ်တယ်။ပြိုလဲမယ့်နေရာတွေမှာ ကိုယ်ပိုက်ဆံတွေကို သွားထားပြီးတော့ အန္တရာယ်တွေကို Risk ယူမယ့်အစား စိတ်ချရတဲ့ နွေဦးဘဏ်မှာ ထားသင့်ပါတယ်။”
နွေဦးဘဏ်တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း
By ရန်ကုန်ခေတ်သစ်
မြန်မာနိုင်ငံက ဘဏ်တွေမှာ ငွေသွားထုတ်ယူမှုကန့်သတ်တာတွေလာတာတွေ ထပ်မံပေါ်ပေါက်လာသလို စစ်ကောင်စီကလည်း ဘဏ်တွေ ဘဏ်ပိုင်ရှင်တွေကို ခေါ်ယူစစ်ဆေးနေတာတွေ လုပ်လာလို့ ပြည်သူ့တွေဟာ မိမိကိုယ်ပိုင်ငွေကြေးတွေ ဆုံးရှုံးမှာကို စိုးရိမ်လာပါတယ်။
အဲဒီလိုဖြစ်နေတာဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ စနစ်တွေ အလုပ်မလုပ်နိုင်တော့တာကို ဖြစ်ပြီး သူတို့ နိဂုံးနဲ့ နီးလာတာဖြစ်တယ်လို့ နွေဦးဘဏ်ရဲ့ အမှုဆောင် အရာရှိချုပ် ကိုကယ်ဗင် ကထောက်ပြထားပါတယ်။
တဘက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်ဖွင့်လှစ်ထားတဲ့ နွေဦးဘဏ်ဟာလည်း ၁၀လအတွင်းမှာပင် ပြည်သူလူထုရဲ့ ယုံကြည်မှုရရှိလာတယ်လို့ ဆိုပါတယ်။
အဲဒီတော့ နွေဦးဘဏ်ရဲ့ အလုပ်လုပ်ပုံတွေ စနစ်တွေ ငွေလွဲပြောင်း တာတွေ တော်လှန်ရေးအတွက် ငွေစီးဆင်းမှုအကြောင်းတွေနဲ့ ပြည်သူတွေ ဘယ်လို အလွယ်တကူငွေ စုဆောင်းနိုင်မှု အပြင် ရွှေစုဆောင်းမှု လုပ်နိုင်တဲ့ အကြောင်းတွေကို နွေဦးဘဏ်တာဝန်ရှိသူတွေနဲ့ ဆက်သွယ် မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။
Негізгі бет နွေဦးဘဏ်တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း
Пікірлер: 78