အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အတွင်းစည်းထဲက ထိပ်သီး စစ်ဗိုလ်ချုပ် တချို့ ကို အခုရက်ပိုင်းတွေ အတွင်းမှာပဲ အဂတိစွဲချက်တွေနဲ့ အရေးယူတာတွေ၊ ရာထူးနေရာကနေ ဖယ်ရှား ပစ်တာတွေ ပြုလုပ်လာပါတယ်။
အဲဒီ အထဲမှာ စစ်ခေါင်းဆောင်ရဲ့ လူရင်း တစ်ယောက် အဖြစ် သိထားကြရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အရေးယူလိုက်တာနဲ့၊ နောက် ဒုတိယဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စစ်ကောင်စီထဲကနေ ထုတ်ပစ်လိုက်တာတွေဟာ မြန်မာ့အရေး အာရုံစိုက်သူတွေကြား အတော်လေး လှုပ်ခတ် သွားစေပါတယ်။
စစ်ခေါင်းဆောင် အနေနဲ့ သူ့ရဲ့ အာဏာ အခြေခံ အားပြုထားရာ အနီးကပ်ဆုံး သူတွေ အပေါ် ကိုင်တွယ်ရတဲ့ အထိ ဘာလို့ ဖြစ်လာတာလဲ .... စစ်ကောင်စီထဲ စုစည်းခိုင်မာမှု ပြိုဆင်းနေတဲ့ သွင်ပြင် လက္ခဏာလား .... စသဖြင့် မေးခွန်းတွေ ပေါ်လာစေပါတယ်။
အခုဆိုရင် အတိုက်အခံ အင်အားစုတွေ အပေါ်မှာသာမက ကိုယ့်ရဲ့ လူယုံ လူရင်းတွေကိုပါ ပစ်မှတ်ထားနေရတဲ့ စစ်ခေါင်းဆောင်ရဲ့ လက်ရှိ အကျပ်အတည်းကနေ ဘယ်လို နောက်ဆက်တွဲ သက်ရောက် ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်လဲ ဆိုတဲ့ အပေါ် ဒီတစ်ပတ် အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ ဖြစ်တဲ့ HRW နဲ့ အာရှဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့်တာဝန်တွေ ယူခဲ့ပြီး၊ မြန်မာ့အရေး ဆယ်စုနှစ် အဆက်ဆက် အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ဒေးဗစ်မက်သီဆန်နဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တပ်မတော် အရာရှိဟောင်း ဒေါက်တာအောင်မျိုးတို့ရဲ့ သုံးသပ်ချက်တွေကို ကြားကြရမှာ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
Негізгі бет Ойын-сауық ညာလက်ရုံးကို အရေးယူလိုက်ရတဲ့ စစ်ခေါင်းဆောင်ရဲ့ အကျပ်အတည်း - BBC News မြန်မာ
Пікірлер: 447