ပထမတန်းစား နိုင်ငံရေးသမား (သို့မဟုတ်) ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
ဧရာ၀တီ၊ ဒီဇင်ဘာ ၂၊ ၂၀၂၁
ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က သူကို လာဖမ်းတဲ့ စစ် ကောင်စီတပ်မှူးက ရွေးကောက်ပွဲ မသမာမှုကြောင့် အာဏာသိမ်းရကြောင်း အကြောင်းကြားစာကို ဖတ်ပြစဉ်မှာ “မဲမသမာမှု ရှိတယ်လို့ စစ်တပ်ကထင်ရင် ကျမက ရှင်နဲ့ပြိုင်ပြီး လျှို့ဝှက်မဲ မဟုတ်ဘဲ ဗြောင်မဲစနစ်နဲ့ မဲပေးရွေးချယ်ခံဖို့ အဆင်သင့်ပဲ” လို့ ပြောဆိုစိန်ခေါ်ခဲ့သူ ဖြစ်ပါတယ်။
နိုင်ငံရေး ခံယူချက် ပြင်းထန်ပြီး ကရင်လူမျိုးတို့ရဲ့ ထုံစံအတိုင်း စကားကို ပွင့်လင်းပြတ်သားစွာ ပြောဆို တတ်တဲ့ ဝါရင့်နိုင်ငံရေးသမား အသက် ၆၇ နှစ်အရွယ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိရေး ကြိုးပမ်းရင်း သူ့ဘ၀ရဲ့ ငယ်ရွယ်နုပျိုမှု အ ချိန်တချို့ကို အကျဉ်းထောင်တွေထဲမှာသာ ကုန်ဆုံးခဲ့ရသူ ဖြစ်ပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ အမြင့်ဆုံး ထောင်ဒဏ် ၇၇ နှစ်ထိ ချမှတ်ခံထားရသူ ဖြစ် ပါတယ်။
Негізгі бет ပထမတန်းစား နိုင်ငံရေးသမား (သို့မဟုတ်) ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
Пікірлер: 110