ဂါနာနိုင်ငံသား စတီဖင်ဟာ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ကြီးကြီးထားပြီး Prestige Football Academy ကို တည်ထောင်ထားပါတယ်။ သူ့ရဲ့အကယ်ဒမီမှာ အသက်အရွယ်စုံက လူငယ်ကစားသမားတွေကို လေ့ကျင့်သင်ကြားပေးနေပါတယ်။
သူ့ရဲ့ရည်မှန်းချက်နဲ့ပတ်သက်လို့“တနေ့နေ့ အာရှတိုက်ကလည်း ရိုနယ်ဒိုတယောက်ထွက်လာရမယ်။ အဲဒီ ရိုနယ်ဒိုဟာ မြန်မာနိုင်ငံကဖြစ်ရမယ်”လို့ ပြောပါတယ်။
မြန်မာကစားသမားတွေကို ကမ္ဘာ့အကောင်းဆုံးလိဂ်တခုဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ မြင်တွေ့ချင်တည်လို့လည်း သူက ဆိုပါတယ်။
ဒီအတွက် ကစားသမားတွေသာမက မိဘ၊ ဆရာသမားတွေအပါအဝင် အားလုံရဲ့ ယုံကြည်မှု လိုအပ်တယ်လို့လည်း စတီဖင်က ဖြည့်စွက်ပြောဆိုသွားပါတယ်။
စတီဖင်မန်ဆာဟာ မြန်မာနိုင်ငံကို ၂၀၁၈ ခုနှစ်လောက်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး MNL League 3 က Royal Thanlyin ဘောလုံးအသင်းမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ Royal Thanlyin ကို League 2 ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF မှ ပရော်ဖက်ရှင်နယ် နည်းပြလိုင်စင်ကို ရယူခဲ့ပြီး ဘောလုံးအကယ်ဒမီ တည်ထောင်ခဲ့ပါတယ်။
#PrestigeFootballAcademy
#CoachStephen #StephenMensah #ronaldo #messi
#NewsWatch #YokeshinTayKabyar
Негізгі бет ပရီးမီးယားလိဂ်မှာ မြန်မာကစားသမားတွေမြင်ချင်တယ် Coach Stephen
Пікірлер: 43