PDF အယောင်ဆောင်ပြီး နှစ်ဖက်ညှပ်ပစ်ခံရလို့ ရဲဘော် ၇ဦး ကျဆုံးခဲ့ ( ရုပ်/သံ)
ဆားလင်းကြီး၊ ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရွာအဝင်တနေရာမှာ ဖေဖော်ဝါရီ ၁၂ရက် မနက်ပိုင်းမှာ PDF အယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သားတွေက နှစ်ဖက်ညှပ်ပစ်လို့ PDF ၇ဦးကျဆုံးခဲ့ပါတယ်။
ငွေသာကျေးရွာနေအိမ်တွေကို မီးရှို့ဖို့လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ဖို့ သွားတဲ့ မဟာမိတ် ၅ဖွဲ့ ပါတဲ့ ကား ၃စီးကို ရွှေကြက်သွန်ရွာအဝင်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ Southern Yesagyo PDF တာဝန်ခံက ပြောပါတယ်။
"လမ်းဘေးမှာ M4 သေနတ်တွေနဲ့ PDFပုံစံ အနေအထားမျိုးအယောင်ဆောင်ထားတာမြင်လိုက်တာမှာ မသင်္ကာလို့ ကားကိုရပ်လိုက်တယ်။ ရပ်လိုက်တဲ့အချိန်မှာ သူတို့ဘက်က ကားကိုစတင်ပစ်တယ်။ ကားကိုနိမ့်တဲ့ဘက်လမ်းဘေးကိုထိုးရပ်လိုက်တယ်။ ကျနော်တို့ကားပေါ်မှာ အယောက်၂၀ လောက်ပါတယ်။ ကျနော်တို့အဖွဲ့တွေ ၂ ဖက်ညှပ်ပစ်ခံရတာ" လို့ ပြောပါတယ်။
တိုက်ပွဲအပြီးမှာ ကျဆုံးခဲ့တဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရဲဘော်အချို့ကို အဲ့ဒီနေရာမှာပဲ သင်္ဂြိုလ်လိုက်ရပြီး ပြန်ကောက်လို့ ရတဲ့ ရဲဘော်တွေကိုတော့ ဖေဖော်ဝါရီ ၁၃ရက် ဒီနေ့မနက်ပိုင်းမှဦ စျာပန အခမ်းအနားနဲ့ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း- ဒိန်းဂျား၊ တည်းဖြတ် - CM
#မြေလတ်အသံ
Негізгі бет PDF အယောင်ဆောင်ပြီး နှစ်ဖက်ညှပ်ပစ်ခံရလို့ ရဲဘော် ၇ဦး ကျဆုံးခဲ့
No video
Пікірлер: 343