အရှိန်ပြင်းပြင်းနဲ့ ပေါ်ထွက်လာတဲ့ တော်လှန်ရေးလှိုင်း
-ထားမြတ် /People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ မန္တလေးတိုင်းက စစ်ကောင်စီတပ်စခန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ပြီး တော်လှန်ရေး လှိုင်းတစ်လှိုင်းထပ်မံပေါ်ထွက်လာတဲ့အကြောင်း ဒီတစ်ပတ်မှာ ပြောပြချင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) လို့ TNLAက အသိပေးထုတ်ပြန်ခဲ့သလို ၊ အမျိုးသားညီညွတ်ရေး ကာကွယ်ရေးဝန်ကြီးဌာနက ရှမ်းမန်းစစ်ဆင်ရေးလို့ အသိပေးထားတဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဟာ ရှမ်းမြောက်နဲ့မန္တလေးတိုင်းက မြို့ ငါး မြို့က စစ်တပ်စခန်းတွေကို ဇွန် ၂၄ ည ၊ဇွန် ၂၅ မနက်မှအရှိန်မြှင့်တိုက်ခိုက်လာပါတယ် ။
တိုက်ပွဲမစခင်ကတည်း အပြန်အလှန် စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်ထားကြပြီးတော့ TNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ဇွန် ၂၄ ရက်ညမှာ မိုးကုတ်မြို့ ဇွန်လ ၂၅ရက် မနက်အစောပိုင်းမှာ ကျောက်မဲ၊ နောင်ချို၊ ၊မတ္တရာ၊ မိုးမိတ် မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေ ၊တပ်ရင်းဌာနချုပ်တွေ၊ ဂိတ်တွေ စစ်ကောင်စီတပ်စွဲရာနေရာတွေနဲ့ ရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
ဇွန်လ ၂၄ရက်မှာ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က တအာင်းဒေသ အပါအဝင် မြန်မာနိုင်ငံ တဝန်း စစ်ရေးအရှိန်မြင့်လာနိုင်ကြောင်း ပြည်သူလူထုကို အသိပေးပြီးတဲ့နောက်မှာ အဲဒီနေ့ည နဲ့ နောက်တစ်နေ့ မနက်အစောမှာပဲ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ် ။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет People's Spring | အရှိန်ပြင်းပြင်းနဲ့ ပေါ်ထွက်လာတဲ့ တော်လှန်ရေးလှိုင်း
Пікірлер: 83