** Plain-backed Sparrow (Passer flaveolus) စာကလေး၊ စာဝါ၊ ပဲခူးစာ (Male) **
Plain-backed Sparrow သည် အရွယ်အစားအားဖြင် ၅ လက်မခန့် ရှိပြီး (ငှက်များ၏ အရွယ်အစားအား အမြီးဖျားမှ နှုတ်သီးဖျား အထိ အလျားကို တိုင်းထွာပါသည်)၊ မြန်မာနိုင်ငံမှာ ဥအု သားပေါက်သော ဌာနေငှက် ဖြစ်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တို့မှလွဲ၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့ရှိနိုင်သည်။ ၎င်းသည် စုံတွဲ သို့မဟုတ် အုပ်စုလိုက်နေလေ့ရှိပြီး၊ သစ်တောများ၊ လွင်ပြင်များ၊ ပင်လယ်ကမ်းခြေများရှိချံပုတ်တောများ၊ စိုက်ခင်းများနှင့် လူနှင့်နီးသော နေရာများတွင် နေထိုင်ကျက်စားသည်။
ဤဗွီဒီယိုကို ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာ တွင် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ပါသည်။
This video was recorded at Kyone Ka Pyin - Tap Seik Community Conservation Area, Wakema, Ayeyarwady Region in south Myanmar.
Негізгі бет Plain-backed Sparrow (Passer flaveolus) စာကလေး၊ စာဝါ၊ ပဲခူးစာ
Пікірлер