တရားတော်ကြီးကို ၂၀၂၄ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့တွင် ဆရာတော်အရှင်အရိယဓမ္မ သည် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၂ရပ်ကွက် သစ္စာလေးတန် မဟာသတိပဌာန်ကျောင်းတိုက်ကြီး၏ ဓမ္မဓိန္နာဓမ္မာရုံတော်ကြီးတွင် ကျင်းပသော ၁၄ကြိမ်မြောက် သင်္ကြန်အထူးတရား ၁၀ရက် စခန်းကြီး၏ တတိယနေ့ မနက်ခင်းတွင် သီလပေးတရားအဖြစ်ဟောကြားခဲ့ပါသည် …
ပုဏ္ဏိကာဆိုတဲ့ မိန်းခလေးဟာ လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအဆင့်မှာ ရှိတဲ့ ကလေးမပါ... အန္ဒိယမှာ ဇာတ် ၄မျိူး ရဲ့ အောက်ဆုံးအဆင့် ကျွန်ထဲမှာမှ ကျွန်ကမွေးတဲ့ ကျွန်သမီးပါ... မွေးလာကတည်းက ကျွန်ဘဝကို တန်းရတာမို့ သူ့ဘဝဟာ စပီး လမ်းလျှောက်တတ်ကတည်းက နိုင်ရာကိုရွှက် လုပ်နိုင်တာကို လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရတဲ့ ဘဝပါ...
ဒါပေမယ့် ကံအကောင်းဆုံးကတော့ အနာထပိဏ်သူဌေးအိမ်က ကျွန်ဖြစ်နေတာပါပဲ... ကျွန်ရာနဲ့ချီရှိနေတဲ့ အထဲက ဒီကံကောင်းမူကို ဖမ်းဆုပ်မိနိုင်တာကတော့ ပုဏ္ဏိကာ တယောက်ပဲရှိခဲ့တာပါ... ဘာလို့လဲဆိုတော့ အတိတ်ကပါရမီ ၁% နဲ့ ပစ္စုပ္ပန် ကြိုးစားအားထုတ်မူ ၉၉% ပေါင်းစပ်မိတဲ့အခါမှ ကံကောင်းခြင်းကို ဖမ်းဆုပ်မိတာပါ...
အလုပ်ကို အရွယ်နဲ့ မလိုက်အောင်လုပ်နိုင်ပီး အကင်းပါးတဲ့အတွက်ကြောင့် ဒီမိန်းခလေး ပုဏ္ဏိကာကို သံဃာတော်တွေရဲ့ ဆွမ်းဝေယျာ၀ိစ္စလုပ်တဲ့ နေရာမှာ လုပ်ဖို့ နေရာချထားခြင်း ခံရတယ်... ဒီနေရာဟာ ကျွန်တိုင်းမရနိုင်တဲ့ နေရာပါ...ဒီနေရာကို အရင်ကတည်းက တာဝန်ယူထားတဲ့ ကျွန်ဆယ်နဲ့ချီဟာလည်း လုပ်သာလုပ်ပေမယ့် ကာယလုပ်သားအဆင့်မှာပဲ ကျေနပ်နေတာပါ...
ပုဏ္ဏိကာကတော့ ဒီလိုမဟုတ်ပါဘူး... သံဃာတော်တွေကို ဆွမ်းကပ်တယ် ဆွမ်းကပ်ပီးဟောတဲ့ တရားတွေကိုလည်း အာရုံတစိုက်နားထောင်တယ်... လေ့လာတယ် သုံးသပ်တယ် ကျင့်ကြည့်တယ် အသုံးချကြည့်တယ် လက်တွေ့ခံစားရတယ်... ဒါကြောင့်သူဟာ ဒီလို တန်ဖိုးရှိတဲ့ ဓမ္မကို ခန္ဓာမှာ သိမ်းဆည်းတယ်.... စိတ်မှာ ဓမ္မကို ကိုယ်ပိုင်ဓမ္မဖြစ်အောင် စောင့်ရှောက်တယ်... ဒါကြောင့် သူ့ဟာ အလုပ်လုပ်တဲ့နေရာမှာ ပျင်းရိတာတွေ ထိန်းနိုင်တယ်... စိတ်ကို ဘယ်လိုအလုပ် ဘယ်အချိန်ဖြစ်ဖြစ် လန်းဆန်းနေအောင် ထိန်းနိုင်လာတယ်...
သူ့ဘဝ အလှည့်အပြောင်းဟာ ခိုက်ခိုက်တုန်အောင်ချမ်းအေးလှတဲ့ အစောဆုံးမနက်မှာ သူစောင့်ရှောက်လာခဲ့တဲ့ တရားဟာသူ့ကို ပြန်စောင့်ရှောက်ခဲ့တယ်... ဒါနဲ့ ကျွန်ဘဝက လွတ်လာခဲ့ပီး ရဟန္တာထေရီမ အထိဖြစ်ခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ တရားတော်ကို အွန်လိုင်း ဗုဒ္ဓဘာသာဝင်အပေါင်းနာနိုင်ရန် တင်ပေးလိုက်ပါသည်...။
သစ္စာတရားတော်များကို တပါးသူ၊ မိဘ၊ သူငယ်ချင်း၊ ဆွေမျိူးသားချင်းများ သိအောင်...
- တရားတော်တင်ထားသော ဖေ့ဘုတ် Post ကို Share လုပ်ပေးခြင်းဖြင့် လည်းကောင်း၊
- Page ကို See First နှင့် Share များလုပ်ပေးခြင်းဖြင့် လည်းကောင်း၊
- Telegram ချန်နယ်ကို ရှယ်ပေးခြင်း Join ပေးခြင်းများဖြင့်လည်းကောင်း၊
- ဆရာတော်၏ KZitem Channel ကို Subscribe နှင့် Share လုပ်ပေးခြင်း ဖြင့်
ဓမ္မ အလှူကုသိုလ်ကို ရယူလိုက်ကြပါ...။
အချိန်ရတဲ့အချိန် နာယူဖို့ နှင့် တရားတော်ကိုသိမ်းထားရန်အတွက် လည်းကောင်း... ဆရာတော်၏ တိုက်ရိုက် Live လွှင့်သောတရားများ နှင့် ဟောကြားခဲ့ပီးသောတရားတော်များကို နာယူလိုသော ဗုဒ္ဓဘာသာဝင်အပေါင်းတို့သွားရောက်နိုင်ရင် လင့်ခ်များ အောက်မှာ ဖော်ပြထားပါသည်...။
All Link 📡
🙏 ဆရာတော် ၏ KZitem Channel Link
👉Name - Ashin Ariya Dhamma - ဆရာတော် အရှင်အရိယဓမ္မ
👉 - / @fourtruthofnoble
🙏တရားတော် Live Videoများ နှင့် Postများ Link
👉 Name - သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာ တရားတော်များ
👉 Link - www.facebook.c...
🙏တရားတော် English Postများ Link
👉Name - Sermons of Four Nobel Truth
👉Link - www.facebook.c...
🙏တရားတော် Video သီးသန့် Link
👉Name - သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာတရားတော် ဗွီဒီယိုများ
👉Link - www.facebook.c...
တရားတော် Mp3 Telegram Channel
Name - သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာ တရားစခန်း
Link - t.me/fourtruth...
Негізгі бет " ပုဏ္ဏိကာထေရီ " တရားတော်
Пікірлер