ပြင်ဉီးလွင်ကိုသွားရင် အနီးစခန်း the view သွားတဲ့လမ်း အဝင်လေးမှာ ဒီဆိုင်လေးရှိတာ..
ဆိုင်လေးကလဲ သပ်သပ်ရပ်ရပ်လေး သူရဲ့ထူးခြားတာက သူ့ ဂျပါတီက အရမ်းစားကောင်းတာပဲ..
ပဲဟင်းရော ဂျပါတီ တစ်ချပ်ရော ချပ်တနီးရော မှ ၆၀၀ ကျပ်ဆိုတော့ ခုခေတ်မှာ ရှားမှရှားပဲ..
ဂျပါတီက ထောပတ်နံလေးသင်းပြီး အိဖတ်နေတာ..
စားရတဋအရမ်းကောင်းတယ်.. တချို့ဆို အချပ် ရေအများကြီး ရန်ကုန်သယ်ကြတယ်တဲ့..
ပြီးတော့ လက်ဖက်ရည်ကလဲရှယ်ကောင်း တစ်ခွက် ၇၀၀ မလိုင်ထည့်ပေးလဲ ၇၀၀ ပဲတဲ့ စီလုံတီးကို ၇၀၀ နဲ့သောက်ရတဲ့ အရသာက ဘာပြောကောင်းမလဲ..
ကျမကတော့ လက်ဖက်ရည်တစ်ခွက် ဂျပါတီ ၂ ချပ်ဆို ဗိုက်အဝပဲ..
တခြားဆို ပူရီ ရတယ် ပူရီ ၅ ခုပါတဲ့ တစ်ပွဲကို ၁၅၀၀ တဲ့
နွားနို့လဲရတယ်
မလိုင်တွေပျစ်နှစ်နေတဲ့ ဒိန်ချဉ်လဲ ရှယ်ကောင်း
ပြင်ဉီးလွင်သွားရင် အနီးစခန်းဘူတာလမ်းကို ဝင်သွားရင် ညာဘက်ခြမ်းမှာ ဆိုင်လေးကသေးသေးလေး.
မနက်ပိုင်းပဲ ဂျပါတီက ရတာထင်တယ်.. ပြင်ဉီးလွင်ရောက်လို့ ကြုံရင်ဝင်စားကြည့်နော် ကောင်းဖို့ တန်ဖို့ အာမခံတယ်
ဆိုင်ရှင်တွေကလဲ သဘောအရမ်းကောင်း
ဘုန်းဘုန်းတွေကို မုန့် ၂ ထုတ်စီလှူနေတာလဲ ပီတိဖြစ်ရသေးတယ်..
#myanmarfoods #foodsbyswt #pyinoolwin #foodsthroughmyanmar
Негізгі бет ပြင်ဉီးလွင် အနီးစခန်းက ၆၀၀ တန် ဂျပါတီဆိုင်လေး
Пікірлер: 3