ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ရဲ့ အပတ်စဉ်(၁၃) စစ်ပညာ သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
MDY-PDF ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ်(၁၂/က) သင်တန်းဆင်းပွဲ ဓာတ်ပုံတွေကိုလည်း ဇွန်(၂၁)ရက်က ထုတ်ပြန်ခဲ့ပါသေးတယ်။
သင်တန်းဆင်းပွဲတွေကို ဘယ်နေ့၊ ဘယ်ရက်က ကျင်းပတယ်ဆိုတာကိုတော့ MDY-PDF က အသေးစိတ် မထုတ်ပြန်ပါဘူး။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY=PDF ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ PDF တပ်ရင်း အမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ ဆိုတဲ့ တပ်ရင်း ငါးရင်းနဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) အပတ်စဉ်(၁၃) စစ်သင်တန်းဆင်းပွဲ
Пікірлер: 29