ရန်ကုန်-ဟင်္သာတ-ရန်ကုန် ❗️နေ့ချင်းပြန် ❗️(၂၁၃)မိုင် ခရီးစဉ်
ဒီ Vlog လေးကတော့ စက်ဘီးနဲ့ ခရီးအကွာအဝေး ❗️အသွားအပြန် (၂၁၃ )မိုင် ၊ကီလိုမီတာ (၃၄၀)ကီလိုမီတာ❗️ ရှိတဲ့ (ရန်ကုန်-ဟင်္သာတ)နေ့ချင်းပြန်ခရီးစဉ်လေးကိုနင်းဖြစ်ခဲ့တဲ့ Vlog လေးဖြစ်ပါတယ်။
⚠️နင်းချိန်ကြီးပဲဲ (၁၄) နာရီ ကျော် နင်းခဲ့ကြပြီး..
ကြာချိန်အနေနဲ့ (၁၉)နာရီကျော် ကြိုးစားခဲ့ကြပြီး အောင်မြင်ခဲ့ကြတဲ့ခရီးလေးဖြစ်ပါတယ်။
⚠️စီစဉ်ထားတဲ့ Ride Plan အတိုင်း နင်းခဲ့ကြပြီး၊စည်းလုံးမှု၊စိတ်ဓါတ်ပြင်းပြမှု၊မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့အောင်မြင်အောင်နင်းနိုင်ခဲ့ပါတယ်။
⚠️ စိတ်တူကိုယ်တူစီးနင်းခွင့်ရခဲ့တဲ့အတွက် စီးနင်းဖော်တွေဖြစ်တဲ့ ကိုစိုးမိုး၊ကိုချာ၊ကိုလွင်ကို၊ကိုတွေဇာ၊ညီလေးအောင်ဇင်နဲ့ ကိုကင်းတို့ကိုလဲကျေးဇူးအထူးတင်ရှိပါတယ်။
⚠️ လမ်းရဲ့အလှအပ ရှု့ခင်းတွေကိုခံစားရင်း ခရီးစဉ်အမှတ်တရတွေကို ကျွန်တော်တို့နဲ့ အတူ တသားထဲလိုက်ပါသလိုခံစားရစေချင်တာမို့ Vlog လေးကိုဆုံးအောင်ကြည့်ကြပါလို့လဲ မေတ္တာ ရပ်ခံချင်ပါတယ်။
ကျွန်တော့်ရဲ့KZitem Channel လေးကို Like & Subscribe လေးလုပ်ထားပေးကြပါအုံးနော်။
လေးစားစွာဖြင့်
Shein Zar Cyclist
/ sheinzarcyclist
/ sheinzarcyclist
#sheinzarcyclist #cyclingtravelvlog #cyclinginmyanmar #cyclingvlog
#cyclingvlogger #cyclistmyanmar #cyclingtrip #travel #travelvlogger
Негізгі бет ရန်ကုန် - ဟင်္သာတ❗️နေ့ချင်းပြန် ❗️(၂၁၃)မိုင် ခရီးစဉ်
Пікірлер: 98