"အခုတိုက်ပွဲတွေ တအားပြင်းလာချိန်မှာ တရုတ်ဘက်ကတော့ ကျွန်တော်တို့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးနေတယ်။ အဲဒီအနေအထားကို ကျွန်တော်တို့သုံးဖွဲ့ ဒါကို ဘယ်လိုကျော်လွှားမလဲနည်းလမ်းရှာနေပါတယ်"
ဗိုလ်မှူးချုပ် တားဘုန်းကျော်
အထွေထွေအတွင်းရေးမှူး၊ PSLF/TNLA
မြန်မာစစ်တပ်ရဲ့ တပ်စခန်းကြီးတွေအပါအဝင် စခန်းပေါင်း ရာနဲ့ချီကို ကာလတိုအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ရေးအရ ဖိအားပေးနိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ပြန်ကြည့်ရင် မျှော်မှန်းထားသလောက် ဖြစ်ခဲ့လား။ မျှော်မှန်းထားတာတွေက ဘာလဲ။၂၀၂၄ မှာ မြောက်ပိုင်းညီနောင်တွေအနေနဲ့ရော TNLA အနေနဲ့ပါ ဘယ်လိုပုံစံနဲ့ စစ်ရေး၊ နိုင်ငံရေး လုပ်ဆောင်သွားဖို့ ရှိလဲ။ တအာင်းပြည်နယ် တည်ထောင်ဖို့ဆိုတဲ့ TNLA ရဲ့ ရည်မှန်းချက်က ဘယ်လောက်နီးစပ်နေပြီလဲ။ နယ်စပ်ဒေသတိုက်ပွဲတွေကြား တရုတ်ရဲ့သဘောထားနဲ့ ပါဝင်မှုအခန်းကဏ္ဍ ဘယ်လိုရှိပါသလဲ။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နဲ့ ဘီဘီစီက သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း
Негізгі бет ရန်သူနဲ့ ခဏတွေ့ရတာမျိုး ရှိပေမဲ့ ဦးတည်ချက် မပြောင်းဘူး - BBC News မြန်မာ
Пікірлер: 248