#ရန်သူတစ်ယောက်လိုခရစ်ယာန်ဆရာမနှင့်ဆွေးနွေးခြင်း(နောက်ဆုံးအပိုင်း ၄)
ဗုဒ္ဓဂုဏ်ရည် သာသနာ စောင့်ရှောက်ရေးအဖွဲ့ သည် ဘာသာစုံငြိမ်းချမ်းရေးကို အစဉ်ကျိုးစားလျှက်ပါသည် ။ မိမိသိသောဓမ္မ လောကအရှိ သဘာဝ နှင့် လိုက်လျှော ညီထွေစွာ အမုန်း မဖက်မေတ္တာလက်ဖြင့် အမြဲကြိုဆိုနေပါသည် ။ သို့သော် ခရစ်ယာန်ရွာတွင် ကျောင်းဖြစ်၍ သာသနာပြုမလုပ်ပဲ မိမိဓမ္မဖြင့် လောက ကိုတင်ကယ်ရင်း ငြိမ်းချမ်ခြင်း ချစ်ကြည်ခြင်း အသိမှန်ရေး အယူ စဉ်ကျယ် ရေးကို ဦးစားပေး ဆောင်ရွက်နေပါသည် ။
ထိုကြောင့် မိမိထုပ်ဝေခဲ့သော ခရစ်ယာန်ဘာသာလေ့လာရေးမိမိအမြင် နှင့် နိုင်းယှဉ် ရေးသားမှု့ စာအုပ် သည်ဖေ့စဘုတ်မှစက်တင် ပုံနှိပ်ဘဝသို့ ထုပ်ဝေဖြန့်ချီ တင်ပြခဲ့ ဘူးပါသည် ။
ထုပ်ဝေဖြန်ချီခဲ့ရာ နှစ်ဘာသာကြား ရိုင်းပြခြင်း မမျှတခြင်းစကားလုံး ကြမ်း တမ်းခြင်းကြောင့် မိမိနှလုံးသားကို အထင်
လွဲခြင်း အမြင် မှားခြင်းတို့ ရှိခဲ့ပါသည် ခံခဲ့ရပါသည် ။
ထို အထဲတွင် ဆရာမနုနုစော နှင့်ဆုံတွေ့ခြင်းပါဝင်ခဲ့ပါသည် ။မေတ္တာလက်နက် ၏ အောင်မြင်မှု့ဖြင့် တပ်ရင်းမှုးကတော် ဆရာမကြီးဒေါ်ကျင်စိန် (ဗုဒ္ဓဘာသာမှပြောင်းသူ) မျော်လင့်ခြင်း အသင်းတော် ဆရာမကြီးနှင့် ပါ ထပ်မံ တွေ့ဆုံခွင့် ဆွေးနွေးခွင့် တင်ပြခွင့် ပေးသော ဖန်ဆင်းရှင် (ထာဝရ ဘုရား သခင်)၏ မေတ္တာ ကို အထူး ကျေးဇူးတင်ပါသည် ။
ဤ တွေ့ဆုံမှု့ကြောင့် နှစ်ဘာသာကြား လိုအပ်မှု့များ ညီညွတ်ခြင်းနှလုံးသားနှင့် ရှေ့ဆက်သွားရမည့် နှစ်ဘာသာငြိမ်းချမ်းရေးအကျိုး အကြောင်း တရားများကို ခံစားခဲ့ရပါသည် ။
ယခု တစ်ခါ မျှော်လင့်ခြင်း အသင်းတော် ယုံကြည်သူ
အသင်းသား ဆရာမနုနုစော (ချင်း) ဖြင့်ဆွေးနွေးခွင့်ရသဖြင့် စီစဉ်ဆောင်ရွက်ပေးသော ဖန်ဆင်းရှင်သခင် ၏ ဘုန်းတော်ကို အထူး ကျေးဇူးတင်မိပါသည် ။ အရေး အပြော ကြမ်းသလောက် နှလုံးသားနူးညံသော ဆရာမ၏ ကာယကံမေတ္တာ လက်ဆောင်များ ယူဆောင်လာခြင်း ဝစီကံမေတ္တာ ချိုသာစွာပြောဆိုတတ်ခြင်း တို့နှင့် ဖြူစဉ်သော ဝိညဉ်တော် နှလုံးသားမနောကံ မေတ္တာများကို ဆွေးနွေးတင်ပြ ခံစားခဲ့ရပါသည် ။
တွေ့ဆုံမှု့ ( ၂နာရီ ) ကြာအား နာရီဝက် အပိုင်း (၄ပိုင်း) ဖြင့်
တင်ပြပေးပါမည် ။ သံသယကင်းကာ ရင်းနှီး ခင်မင်ခြင်းနှင့်အတူတကွ ပူပေါင်းနေထိုင်ရင်း လောကအလင်း အတူ တကွခံစားလိုပါသည် ။ ထပ်မံ တွေဆုံလိုပါသေးသည် ။ စောင်ကြည့်နားဆင်ကြသူ ဓမ္မမိတ်ဆွေများအနေနှင့် လည်း အကြံ ပေးခြင်း သုံးသပ်ခြင်းညှိနိုင်းခြင်းများ ပြုလုပ်နိုင်ပါသည်။ ကိုယ်တိုင်ဆွေးနွေးလိုလျှင် ၀၉၇၉၂၁၃၀၄၃၀ / ၀၉၂၅၂၄၀၃၀၅၂ သို့
ကြိုတင် အကြောင်းကြား ဖွင့်ထားသော နှလုံးသားနှင့် ဓမ္မ
မိတ်ဆွေ အားလုံးအား ပါဝင်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည် ။
ဘာသာစုံငြိမ်းချမ်းရေးနှင့် တိုင်းပြည်တိုးတက်ရေး အချိုးညီလွတ်ေမြာက်ရေး ကိုရည်သန် ဆွေးနွေးကြပါသည် ။
လိမ်ညာခြင်းကင်းသော သစ္စာတရားဖြင့် လောကတွင် ရိုးသားစွာနေထိုင်ရှင်သန်ရင်း အေးချမ်းခြင်းပြည့်စုံကြပါစေ ။
ဘာသာတရားတို့ကြောင့် လောကကြီး
ငြိမ်းချမ်းစေလိုပါသည် ။
ဘာသာတရားနှင့်အတူ လောကကြီးတိုးတက်
စေလိုပါသည် ။ဘာသာဝင်များအခြင်းခြင်းအေးအတူ ပူအမျှ အတူတွဲနေထိုင်ကာချမ်းသာစေလိုပါသည် ။
ကိုးကွယ်ယုံကြည်မှု့ များပြားခြင်းသည် စစ်မှန်သောနိဗ္ဗာန်လမ်းအားသံသယဝိစိကိစ္ဆာပွားကာ တားဆီး နှောင့်ယှက်စေတတ်ပါတယ် ။
ဗုဒ္ဓဂုဏ်ရည်ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မ
၀၉၇၉၂၁၃၀၄၃၀
၀၉၂၅၂၄၀၃၀၅၂
Негізгі бет #ရန်သူတစ်ယောက်လိုခရစ်ယာန်ဆရာမနှင့်ဆွေးနွေးခြင်း
Пікірлер: 570