ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာ
~~~
■ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဟာ မကြာခင် လွတ်မြောက်တဲ့ဒေသတစ်ခု ဖြစ်လာတော့မယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်တွေ ပေါ်ထွက်လာနေပါတယ်။ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ထဲက မြို့ ငါးမြို့နဲ့ စစ်ကောင်စီတပ်ရင်း ၁၁ ရင်းကို AA က သိမ်းပိုက်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီလက်နက်ချတာတွေကိုလည်း တွေ့နေရပါတယ်။ ဒီအတောအတွင်း ရိုဟင်ဂျာတွေကို စစ်ကောင်စီက စစ်သားစုဆောင်းမှုတွေနဲ့အတူ ရိုဟင်ဂျာစစ်သားတွေ ပါဝင်တဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့တဲ့သတင်းတွေကိုလည်း ကြားနေရပါတယ်။ ဒီအကြောင်းတွေအပါအဝင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေအကြောင်း ဒီတစ်ပတ်မှာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်း၊ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုနဲ့ CDM တပ်မတော်သား ဗိုလ်ကြီးလင်းထက်အောင်တို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။
____________
Subscribe ▶ bit.ly/2ajgBxf
မိုဘိုင်းအက်ပ် ▶ smarturl.it/RF...
ဝဘ်ဆိုက် ▶ www.rfa.org/bu...
ဖေ့စ်ဘွတ်ခ် ▶ / rfaburmese
တွစ်တာ ▶ / rfaburmese
အင်စတာဂရမ် ▶ / rfaburmese
တယ်လီဂရမ် ▶t.me/rfaburmes...
(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
Негізгі бет ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာ
Пікірлер: 536