ပေါ်တူဂီ အသင်းဟာ ယူရို ၂၀၂၄ ရှုံးထွက်ပွဲစဉ်မှာ ဆလိုဗေးနီးယား အသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် ရော်နယ်ဒို အတွက်တော့ ဒရမ်မာတွေ နဲ့ ညတည ဖြစ်ခဲ့ရတာပါ ။ ရော်နယ်ဒို ပါဝင်တဲ့ ပေါ်တူဂီ အသင်းဟာ ဆလိုဗေးနီးယား အသင်းကို ပွဲစဉ်တလျောက် အသာစီးရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် မိနစ် ၉၀ အထိ အရှုံးအနိုင်မပေါ်ပဲ သရေဖြစ်ခဲ့ရပါတယ် ။
ဒါ့ကြောင့်လဲ အချိန်ပို နာရီဝက် ထပ်မံကစားခဲ့ရတာပါ ။ ပွဲချိန် ၁၀၆ မိနစ် မှာတော့ ပေါ်တူဂီအသင်း ပင်နယ်တီ ရခဲ့ပြီး ရော်နယ်ဒို က ကန်သွင်းခဲ့ပါတယ် ။ ဒါပေမယ့်လည်း အဲဒီ ပင်နယ်တီ ကို ဆလိုဗေနီးယား အသင်းက အက်သလက်တီကိုမက်ဒရစ် ဂိုးသမား အော့ဘလက် က ကာကွယ်နိုင်ခဲ့လို့ ရော်နယ်ဒို တယောက် ငိုကြွေးခဲ့ရတာပါ ။ ဒါ့ကြောင့်လဲ ပေါ်တူဂီ နဲ့ ဆလိုဗေးနီးယား ၂ သင်းစလုံး ဟာ နောက်ဆုံးအချိန်မှာ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ် ။
ပင်နယ်တီမှာတော့ ရော်နယ်ဒို ၊ ဘရူနိဖာနန်ဒက်ဇ် ၊ ဘာနာဒိုဆေးဗား တို့က ဂိုးဝင်အောင်ကန်သွားနိုင်ခဲ့ပြီး ပေါ်တူဂီဂိုးသမား ဒီယိုဂိုကော်စတာ က ပြိုင်ဖက် အသင်း ရဲ့ ကန်သွင်းချက် ၃ ကြိမ်စလုံး ကို ကာကွယ်နိုင်ခဲ့လို့ ပေါ်တူဂီ တို့ အနိုင်ရခဲ့တာပါ ။ ဒါကြောင့်လဲ အစောပိုင်းမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ရော်နယ်ဒို တယောက် မီဒီယာတွေ ရဲ့ တိုက်ခိုက်ထိုးနှက်မှု့ကနေ လွတ်မြောက်နိုင်ခဲ့တယ်လို့ ဆိုရပါမယ် ။
ဒါတောင်မှ ရော်နယ်ဒို ပင်နယ်တီ လွဲချော်သွားတဲ့ အချိန်မှာ အင်္ဂလန် ထိပ်တန်း ရုပ်သံ BBC က (မစ်စ်တီယာနို ပင်နယ်ဒို ) Misstiano Penaldo ဆိုပြီး လှောင်ပြောင်စာတန်းထိုးခဲ့တာပါ ။ BBC ရုပ်သံလိုင်းဖက် ကတော့ နည်းပညာချို့ယွင်းမှု့ကြောင့် ဖြစ်တယ်လို့ အရှက်ပြေ ဖြေရှင်းပေမယ့် ၊ အင်္ဂလန် မီဒီယာတွေ ဟာ စီရော်နယ်ဒို အပေါ်မှာ တော်တော်လေး မလိုအမုန်းတရား များနေတယ် ဆိုတာ ပေါ်လွင်နေတယ်လို့ ပရိတ်သတ်တွေက ဝေဖန်ထောက်ပြပါတယ် ။
#supersundaysports #euro2024 #ronaldo
Негізгі бет ရော်နယ်ဒို ကို ပင်နယ်ဒို ဆိုပြီးလှောင်ပြောင်ခဲ့တဲ့ BBC ရုပ်သံကို ဝေဖန်လိုက်တဲ့ဂျွန်တယ်ရီ
Пікірлер: 9