တော်လှန်ရေးတပ်သား (သို့) ချမ်းမြေ့အောင် တောင်ပိုင်းသား အပိုင်း(၁)
Pen 47/ အောက်တိုဘာ ၂၂
KNU ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် တောင်ပိုင်းတိုင်း တပ်မဟာ ၆ နယ်မြေထဲက KNDO တပ်ရင်း ၂၇ ဟာ တော်လှန်ရေးရေချိန်နဲ့ အတူ Cobra Column (မြွေဟောက်စစ်ကြောင်း) အဖြစ် အသစ်တဖန် ပြန်လည်မွေးဖွားလာခဲ့တာပါ။
မြ၀တီမြို့နဲ့ သိပ်မဝေးလှသလို ငြိမ်းချမ်းရေး ပြယုဒ် လည်းဖြစ်တဲ့ လေ့ကေကော်မြို့သစ်မှာတော့ မတရား ပုဒ်မတွေအတပ်ခံရလို့ KNU ထံ ခိုလှုံတိမ်း ရှောင်လာကြသူတွေကို အကြမ်းဖက်စစ်အုပ်စု ခလရ ၄၄ တပ်မက ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မတရား ၀င်ရောက်ဖမ်းစီးနှိပ်စက်ခဲ့တာကြောင့် နောက်တရက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာပဲ တိုက်ပွဲတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
ဗိုလ်ဒါဘောဦးဆောင်တဲ့ KNLA တပ်ရင်း ၂၇ နဲ့ အကြမ်းဖက် စစ်အုပ် ထိပ်တိုက် ရင်ဆိုင်ရချိန်မှာတော့ စစ်အုပ်စု အထိနာခဲ့ပြီး ရဲဘော်ချမ်းမြေ့အောင်ဟာလည်း KNLA နဲ့ အတူ အဲဒီတိုက်ပွဲမှာ စတင် ပါဝင်ခဲ့သူဖြစ်ပါတယ်။
အာဏာရှင်ကို လက်နတ်ကိုင် တော်လှန်ဖို့ စိုက်ပျိုးရေးသမား ဘဝကနေ ကရင်ပြည်နယ်ထဲ ရောက်လာခဲ့ပြီး တိုက်ပွဲကို စောင့်ဆိုင်းနေတဲ့ ရဲဘော်ချမ်းမြေ့အောင်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲပေါင်းများစွာကို Cobra Column စစ်ကြောင်းရယ်လို့ ပေါက်ပေါက်လာပြီးတဲ့အထိ၁ နှစ်ခွဲနီးပါး အကြာ အတူတူ တိုက်ပွဲဝင်ခဲ့ပြီး မကြာခင်ကပဲ တိုက်ပွဲကနေ ခဏအနားယူလိုက်ပါတယ်။
လေ့ကေ့ကော်၊ဖလူး၊ ကော့ကရိတ်နဲ့ ဥက္ကရစ်ဌ တိုက်ပွဲတွေမှာလည်း တိုက်ပွဲဝင် စခန်းသိမ်းနိုင်ခဲ့လို့ ရဲဘော်ချမ်းမြေ့အောင်ရဲ့ ကရင်ပြည်နယ်တိုက်ပွဲအတွေ့အကြုံတွေကို Pen 47 က မေးမြန်း တင်ဆက်ထားပါတယ်။
မကြာခင်မှာပဲ ဇာတ်သိမ်းပိုင်းကို တင်ဆက်ပေးသွားမှာပါ။
Негізгі бет ရဲဘော်ချမ်းမြေ့အောင်ရဲ့ ကရင်ပြည်နယ်တိုက်ပွဲအတွေ့အကြုံတွေ အပိုင်း ၁ ကို Pen47က မေးမြန်းတင်ဆက်မှု
Пікірлер: 51