ဒီအစီအစဉ်ကို Fashion City Online Shop ကနေ ပံ့ပိုးပေးထားပါတယ်ခင်ဗျာ။
Online Shop Link : / fashioncitymm
မင်္ဂလာပါခင်ဗျာ Jab ကနေ ပြန်လည်ကြိုဆိုပါတယ်။
2017 မှာ ရုရှားဟာ zapad ဒါမှမဟုတ် ' အနောက်ဘက်အတွက်စစ်ရေးကျင့်မှု ' လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှုကြီး တခုပြီးတခုပြုလုပ်ခဲ့တာရှိခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုမှာ မြစ်ဖျားခံခဲ့တဲ့ zapad စစ်ရေးလေ့ကျင့်မှုတွေဟာဆိုရင် သူတို့ရဲ့ တပ်အင်အားပြသလေ့ရှိသလို
အချိန်မရွေးစစ်ကို ဆင်နွဲနိုင်တယ်ဆိုတဲ့အကြောင်းကိုပါ နေတိုးတပ်တွေဆီ သတင်းစကားပါးလိုတဲ့ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။
ရုရှား zapad-2017 စစ်ရေးလေ့ကျင့်မှုတွေဟာ အကြမ်းဖက်မှုတွေကို တုံ့ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ရုံသက်သက်ပါလို့ ထုတ်ဖော်ပြောပေမယ့်လည်း စစ်သား ၁သောင်းလောက်ပဲ ရှိရမဲ့ စစ်ရေးလေ့ကျင့်မှုကနေ အယောက်ရေ ၁ သိန်းထိ အင်အားပြခဲ့တဲ့အပေါ် မေးခွန်းထုတ်ချင်စရာကောင်းနေပါတယ်။
အရှေ့ဥရောပကို ကျူးကျော်ဖို့ စစ်ပြင်တဲ့ ပုံစံ ဖြစ်နေတာမို့လို့ ဒါဟာ ရုရှားအနေနဲ့ အင်အားကြီးကြီးနဲ့ ဘယ်စစ်ပွဲကိုမဆို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်း တီးလိုက်သလိုပါပဲ။
ဒီအကြောင်းကို အခြေခံပြီး ကျွန်တော်တို့ အနေနဲ့ ရုရှား အနေနဲ့ ဥရောပကို တကယ်ပဲ ဝင်ရောက်တိုက်ခိုက်နိုင်မလားဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ကဲအဆင်သင့်ဖြစ်ရင်စလိုက်ကြရအောင်။
Негізгі бет ရုရှားအနေနဲ့ နေတိုးအဖွဲ့ကြီး ပြိုကွဲဖို့ လုပ်ဆောင်လာနိုင်မယ့် မဟာဗျူဟာ
No video
Пікірлер: 110