ရွေးကောက်ပွဲရလဒ်ကို ဗိုလ်ချုပ်မှူးကြီး လက်ခံမှာလား
ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၀
ရွေးကောက်ပွဲရလဒ် ထွက်လာရင် ပြည်သူ့ဆန္ဒနဲ့အညီ ဖြစ်လာတဲ့ ရလဒ်ကို ဗိုလ်ချုပ်မှူးကြီး လက်ခံမှာလားလို့ ဧရာဝတီရဲ့ မေးခွန်းကို ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးတို့ဟာ တခြား တပ်မတော် အရာရှိကြီးတွေနဲ့ အတူ ဒီနေ့ နံနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိ ကုန်တိုက်က မဲရုံ အမှတ် (၁) မှာ လာရောက် ဆန္ဒမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
အင်တာဗျူး - ထက်နိုင်ဇော်
ရိုက်ကူး၊ တည်းဖြတ် - ကျော်မျိုး
Негізгі бет ရွေးကောက်ပွဲရလဒ်ကို ဗိုလ်ချုပ်မှူးကြီး လက်ခံမှာလား
Пікірлер