"သီတဂူဆရာတော် ဓမ္မသဘင်"
(စက္ခုဒါနဆေးရုံတော်ဖွင့်ပွဲအကြို)
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၄-၁၂-၂၀၁၈ ရက်နေ့၊ ည ၇:၀၀ နာရီမှ စတင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ သီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံတော်ဖွင့်ပွဲ အကြို အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသော ဓမ္မသဘင်တွင် ဟောကြားချီးမြှင့် ပေးတော်မူပါသည်။
သီတဂူမင်းကျောင်းစက္ခုဒါနဆေးရုံတော်သည် သီတဂူဆရာတော်ကြီးနှင့် သီတဂူအဖွဲ့၏ ၃၃ ရုံမြောက်ဆေးရုံတော်အဖြစ် မနက်ဖြန် ၂၅-၁၂-၂၀၁၈ နံနက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ဖွင့်ပွဲအကြိုအဖြစ် မျက်စိဝေဒနာရှင်များအား ဆရာဝန်ကြီး ၁၀ ယောက်ဦးဆောင်သောစက္ခုဒါနအဖွဲ့မှ ကုသပေးလျက်ရှိရာ ယနေ့အချိန်ထိ လူနာတစ်ထောင်ခန့်စစ်ဆေးပြီးစီးကာ ၈၀ ကျော်အားခွဲစိတ်ကုသပေးပြီးဖြစ်သည်။ ဆက်လက်ကြည့်ရှုစစ်ဆေးကာကုသမှုများဒါနပြုသွားမည်ဖြစ်ပါသဖြင့် လူနာပေါင်း သုံးထောင်ကျော်ခန့်လာရောက်ကြကြောင်းသတင်းရရှိပါသည်။
သီတဂူဆရာတော်ကြီး၏လမ်းညွန်မှုဖြင့် သီတဂူစက္ခုဒါနအဖွဲ့သည် မင်းကင်းမြို့အပါအဝင် မြန်မာနိုင်ငံအဝှမ်းမျက်စိဆေးရုံပေါင်း (၃၉) ရုံဆောက်လုပ်ပြီးစီးကာ လူမျိုးဘာသာမရွေး မျက်စိစစ်ဆေးကုသခြင်းဖြင့်ကုသိုလ်ပြုလျက်ရှိပါသည်။ သီတဂူသာသနာပြုအဖွဲ့မှ ယခုအချိန်အထိလူပေါင်း ၅ သိန်းကျော်အားမျက်စိစစ်ဆေး ကုသပေးခဲ့ပြီးဖြစ်ကြောင်းကုသိုလ်မှတ်တမ်း တင်အပ်ပါသည်။
"သီတဂူအဓိဋ္ဌာန်"
ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ
တို့စွမ်းရာဖြင့် တို့သာသနာ
တို့ပြည်ရွာကို သာယာစေမှု
လုံ့လပြုအံ့။
ထပ်ဆင့် မျှဝေပါသည်။
!
~~~~
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့
~~~~
ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များ
/ @mogoksayadaw1744
တရားတော်များ
/ @moetayar
ထပ်ဆင့် ဓမ္မဒါနပြုပါသည်။
sitagu/livedhamma/videos/73/8318656546565/
Негізгі бет ရှင်အနုရုဒ္ဓါ ရှင်နန္ဒိယ ရှင်ကိမိလ အကြောင်း (မင်းကင်းမြို့) သီတဂူဆရာတော်ဘုရားကြီး ၂၄.၁၂.၂၀၁၈ ည
Пікірлер: 21