ဆက်နွယ်မှု
အိပ်မက်တွေကို ဗဟိုပြုရင်း
ဘဝရဲ့မာယာ ပုံရိပ်များ
ကြားမှာလူးလားခေါက်ပြန်မြင်လေရာတစ်ပိုင်းတစ်စ
ထိတွေ့သာယာ ဂုဏ်ယူခြင်း
ချစ်ရသူတွေတူတဲ့အလင်းတန်းတွေကြားက
ဆက်နွယ်ကာရန်ညီ အပိုင်းအစ
ဖြတ်ကျော်ရင်း ရယူရင်း သုံးဆောင်ရင်း
ခံစားထွေးပွေ့ရင်း လူသားတိုင်းရဲ့သီချင်း
ချသုံးရေးဖွဲ့ ရင်ဖွင့်ကြတဲ့အခါ
မြတ်နိုးခြင်းရဲ့အဆင်း ဖြတ်သန်းတိုးဝှေ့ရင်း
ကြင်နာရာ ကမ္ဘာမြေမှာ ကျက်စားရင်း
လောက အဇ္စျတ္တ အကြောင်းတရားမဲ့တဲ့လူ့ရဲ့ဘဝ
ဖေးမ ဝမ်းမြောက်ကြ ကွဲပြားမှုတို့ရှေ့မှောက်က
ရှင်သန်နေရင်း ရှင်သန်သွားရင်း
စာနာခြင်းသီချင်း
ကမ္ဘာမြေထဲနေထိုင်ရင်း
အိပ်မက်တွေကို ဗဟိုပြုရင်း
ဘဝရဲ့မာယာ ပုံရိပ်များ
ကြားမှာလူးလားခေါက်ပြန်မြင်လေရာတစ်ပိုင်းတစ်စ
ထိတွေ့သာယာ ဂုဏ်ယူခြင်း
ချစ်ရသူတွေတူတဲ့အလင်းတန်းတွေကြားက
ဆက်နွယ်ကာရန်ညီ အပိုင်းအစ
ဖြတ်ကျော်ရင်း ရယူရင်း ညိတွယ်ရင်း
ခံစားထွေးပွေ့ရင်း လူသားတိုင်းရဲ့သီချင်း
ချသုံးရေးဖွဲ့ ရင်ဖွင့်ကြတဲ့အခါ
မြတ်နိုးခြင်းရဲ့အဆင်း ခံစားထွေးပွေ့ရင်း
ကြင်နာရာ ကမ္ဘာမြေမှာ ကျက်စားရင်း
လောက အဇ္စျတ္တ အကြောင်းတရားမဲ့တဲ့လူ့ရဲ့ဘဝ
ဖေးမ ဝမ်းမြောက်ကြ ကွဲပြားမှုတို့ရှေ့မှောက်က
ရှင်သန်နေရင်း ရှင်သန်သွားရင်း
စာနာခြင်းသီချင်း
ကမ္ဘာမြေထဲနေထိုင်ရင်း
Негізгі бет Музыка ဆက်နွယ်မှု (Relationship ) / Phoe Kyal
Пікірлер