“ဉာဏ်မှာ သဗ္ဗညု” ဆိုတဲ့အတိုင်း ပုဂံဘုရားတွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးဘုရားတစ်ဆူဖြစ်တဲ့ သဗ္ဗညုဂူဘုရားကိုတော့ ဘုရားရှင်လက်ထက်တော်တုန်းက ဝိသာခါကျောင်းအမကြီးလှူဒါန်းခဲ့တဲ့ ပုဗ္ဗာရုံကျောင်းတော်ကြီးကိုအတုယူပြီး ၁၁၄၁ ခုနှစ်မှာ အလောင်းစည်သူမင်းကြီးက စတင်တည်ထားတော်မူခဲ့တာဖြစ်ပါတယ်။ 🙏
ဘုရားကြီးရဲ့ဉာဏ်တော်အမြင့်ဟာ ရင်ပြင်တော်ကနေ ငှက်မြတ်နားတော်အထိ ၂၀၁ ပေရှိပြီး ပုဂံမြို့မှစေတီပုထိုးအားလုံးကို အပေါ်စီးကနေကြည့်မြင်နိုင်တာကြောင့် ဒီဘုရားကြီးကို “ပုဂံမျှော်စင်” လို့လည်း တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ 😮
ဘုရားဝတ်ပြုဖို့သပ်သပ်မဟုတ်ဘဲ သံဃာတော်တွေသီတင်းသုံးဖို့နဲ့ ပိဋကတ်တော်တွေထားရှိဖို့အတွက် ရည်ရွယ်ပြီးတည်ထားခဲ့တဲ့ “သဗ္ဗညု” ဘုရားကြီးရဲ့စိတ်ဝင်စားစရာနောက်ထပ်အကြောင်းအရာတွေကိုတော့ ဒီဗီဒီယိုလေးထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်နော်။ 🤩
အသံသီးသန့်နားထောင်လိုကြတဲ့ပရိသတ်တွေကတော့ အောက်ပါလင့်ခ်ကနေတစ်ဆင့်ဝင်ရောက် နားဆင်နိုင်ပါတယ်နော်။ 👇
Podcast Link : bit.ly/3SpQ15g
#ZLann #ZLann_Podcast #ပုဂံရာဇဝင် #သဗ္ဗညု
Негізгі бет သဗ္ဗညုဘုရား
Пікірлер: 8