ဆဒ္ဒန်လိုဏ်ဂူနှင့် ၎င်းလိုဏ်ဂူ ထွက်ပေါက်အနီးရှိ ရေဂူသို့ မကြာခင်က ရောက်ရှိခဲ့ရာ မှတ်တမ်း ဗီဒီယို တခုကို ခရီးသွားအမှတ်တရအဖြစ် ရိုက်ကူးဖြစ်ခဲ့ပါသည်။ ၄၅ မိနစ်စာ ကြာမြှင့်ချိန်အား ၁၅ မိနစ်စာ ပိုင်းဖြတ်၍ ကျနော့် မိတ်ဆွေများအား ခရီးသွား ဒေသန္တရဗဟုသုတဖြစ်စေဖို့ မျှဝေပေးလိုက်ပါသည်။
ဆဒ္ဒန်ဂူသည် ကရင်ပြည်နယ်၊ ဇွဲကပင်တောင်တန်း၏ တောင်ဘက်အကျဆုံး ဆဒ္ဒန်တောင်တွင် တည်ရှိသည်။ သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ကော့ဝါးဆူးကျေးရွာအနီးတွင် တည်ရှိပြီး ဘားအံမြို့မှ မိုင်(၂၀)ခန့် အကွာတွင် တည်ရှိသည်။
ဆဒ္ဒန်ဂူသည် အရှေ့အနောက် ၁၀၇ မီတာ ရှည်လျားပြီး ၄၀ မီတာ ကျယ်ဝန်းသည်။ ဆဒ္ဒန်ဂူသည် နှစ်ဘက်ပွင့် တိုးလျှို ပေါက်ဂူဖြစ်ပြီး အဝင်ဝ ကျဉ်းမြောင်းကာ ကရင်ပြည်နယ်တွင် အရှည်လျားဆုံးနှင့် အကြီးဆုံးလိုဏ်ဂူဖြစ်သော်လည်း ဂူထွက်ပေါက် အနီးရှိ ရေဂူမှာ ရသေ့ပျံရေဂူကဲ့သို့ ရှည်လျားခြင်းမရှိပေ။
ဆဒ္ဒန်ဂူသည် မြေပြင်မှ ပေ(၃၀)ခန့် အမြှင့်တွင်တည်ရှိပြီးလုံးဝန်းသော ပုံသဏ္ဌာန်ရှိသည်။
ကရင်ရိုးရာ သမိုင်းအရ ဆဒ္ဒန်ဆင်မင်းက ဆဒ္ဒန်ဂူအနီးတဝိုက်မှာနေခဲ့လို့ ဆဒ္ဒန်ဆင်မင်းကိုအဆွဲပြုပြီး ဆဒ္ဒန်ဂူဟုခေါ်ဆိုကြောင်း သိရပြီး ဂူထဲတွင် မုဆိုးလွန်ဖောက်နေရာ၊ မုဆိုးမှ ဆင်မင်းအား ပစ်ခတ်သည့်နေရာ၊ ဆင်မင်းချည်တိုင်၊ သမီးတော်စံအိမ်၊ ဆင်မင်းသမီးခြင်ထောင်နေရာတို့အား မှတ်သားဖွယ် မြင်တွေ့ခဲ့ရပါသည်။
ဆဒ္ဒန်ဂူဘုရားပွဲတော်ကို နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ကျင်းပကြောင်း သိရပါသည်။
Zaw Hlaing Tun - Travel Diary 31
#ဆဒ္ဒန်ဂူ #မဟာဆဒ္ဒန်လိုဏ်ဂူ #ဆဒ္ဒန်လိုဏ်ဂူ #လိုဏ်ဂူ #ထုံးကျောက် #ကော့ဝါးဆူး #ကရင်ပြည်နယ် #traveldiary31 #ဘားအံ #zawhlaingtun #ရေဂူ #ဆဒ္ဒန်ဆင်မင်း #KarenState #HpaAn @traveldiary31
Негізгі бет ဆဒ္ဒန်လိုဏ်ဂူနှင့် ရေဂူ
Пікірлер