မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွင့်တင်ထားရှိပါသည်။
ဤသစ္စာလေးပါး တရားတော် (အတိုချုပ်) ကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၅-ခုနှစ်တွင် ဖလ်ယဉ်ဓမ္မာရုံ၌ ဟောကြားတော်မူခဲ့ပါသည်။ အထူးသဖြင့် ဤတရားတော်၌ သစ္စာလေးပါး၏ အရေးပါပုံ၊ သစ္စာလေးပါး၏ တည်နေရာ၊ နိဗ္ဗာန်၏သဘော စသည်တို့ကို ဟောကြားထားပါသည်။ အလွန်စိတ်ဝင်စားဖွယ် တရားတော်ဖြစ်ပါသည်။
“ဘုရားလည်း သစ္စာလေးပါးတရား သိပြီးတော့ ဘုရားဖြစ်ရတာ။ ဘုရားဖြစ်တယ်ဆိုတာ သစ္စာလေးပါးတရား သိတာပါပဲ။”
“သစ္စာလေးပါး တရားဆိုတာ ဗုဒ္ဓသာသနာမှာ အရေးကြီးတဲ့ တရားတော်တွေပဲ။”
“သစ္စာလေးပါးတရားက ဘယ်မှာ ရှိတာတုံးဆိုရင် ကိုယ်ထဲမှာ ရှိတာ-တဲ့။ ဒုက္ခဆိုတာလည်း ကိုယ်ထဲမှာ ရှိတာပဲ။ မြက် သစ်ပင် တော တောင် အဲဒီမှာရှိတာ မဟုတ်ဘူး-တဲ့။ ဒီတော့ ကိုယ့်သန္တာန်မှာရှိတဲ့ ဒုက္ခသစ္စာတွေဟာ လောကီတရားတွေဟာ ဒုက္ခသစ္စာတရားတွေပဲ။”
“သတ္တဝါတွေရဲ့သန္တာန်မှာ တစ်လံမျှလောက်ရှိတဲ့ ကိုယ်ထဲမှာ ဆင်းရဲအစစ်အမှန်ဆိုတာ ဒီထဲမှာ ရှိတာ-တဲ့။”
“ဆင်းရဲဖြစ်ပွားကြောင်း သမုဒယသစ္စာကလည်း ဒီထဲမှာ ရှိတာပဲ။”
“ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်ကလည်းပဲ ဒီထဲမှာ ရှိတယ်-လို့ ဟောထားတယ်။ ဒါကတော့ တင်စားပြီး ပြောတာ။ တကယ်ဆိုတော့ ကိုယ်ထဲမှာ နိဗ္ဗာန်က မရှိဘူး။”
“ချုပ်ငြိမ်းတဲ့အခါကာလမှာ ရုပ်နာမ်အစဉ်တွေ ပြတ်စဲပြီး ချုပ်ငြိမ်းသွားရင် အဲဒီချုပ်ငြိမ်းတဲ့သဘောကို နိဗ္ဗာန်လို့ ဆိုတယ်။ ဒီတော့ ကိုယ်ထဲမှာရှိတယ်-လို့ မြတ်စွာဘုရားက တင်စားပြီး ယူပြတာ။”
“မဂ္ဂသစ္စာကလည်း ကိုယ်ထဲမှာ ရှိတာပဲ။ ဒါကလည်းပဲ အရိယာဖြစ်တဲ့အခါမှ ရှိတာ။ အရိယာမဖြစ်ခင်တော့ မရှိပါဘူး။ အရိယာမဖြစ်ခင် ရှိတာက ဝိပဿနာမဂ်လောက်တော့ ရှိတယ်။ ဝိပဿနာရှုရင် ဝိပဿနာမဂ်... ပုဗ္ဗဘာဂမဂ်ဆိုတဲ့ လောကီမဂ္ဂသစ္စာ ဒါလောက်တော့ ရှိတယ်။”
“အင်း... လောကုတ္တရာအရိယမဂ္ဂသစ္စာတော့ မရှိသေးဘူး။”
ကမ္ဘာအရပ်ရပ်ရှိ တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးအတွက် ကုသိုလ်ပါဝင်လိုသူများသည် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
-------------------
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
Негізгі бет သစ္စာလေးပါး တရားတော် (အတိုချုပ်)
Пікірлер: 1