သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်
စစ်တပ်အကြီးအကျယ်အထိနာခဲ့တဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေတကျော့ပြန် ပြန်ဖြစ်လာချိန်မှာပဲ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ သမ္မတဟောင်းဦးသိန်းစိန်ဟာ ဇွန်လ၂၇ ရက်ကစလို့ တရုတ်ခရီးစဉ်ကို သွားရောက်နေပါတယ်။
တရုတ်နဲ့ မြန်မာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားတက်ရောက်ဖို့ဆိုပြီး နေပြည်တော်ကတဆင့် တရုတ်နိုင်ငံဆီ သွားရောက်တာလို့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဇွန်လ ၂၈ ရက်မှာပြုလုပ်မယ့် ဒီအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖိန်အပြင် ဝန်ကြီးချုပ် လီချန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တက်ရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇွန် ၂၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက သမ္မတဟောင်း ဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့လည်း ဒီအခမ်းအနားကိုတက်ရောက်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ၅ချက်ဆိုတာ ပါလီမန်ဒီမိုကရေစီခေတ် ဦးနု ဝန်ကြီးချုပ်တာဝန်ယူ ချိန်မှာပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဘန်ဒေါင်းမူ ၅ ရပ်လို့လူသိများပါတယ်။
၁၉၅၄ ခုနှစ်မှာ တရုတ်၊ အိန္ဒိယ နဲ့ မြန်မာတို့ ပူးပေါင်းကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို ချမှတ်ခဲ့တာဖြစ်ပြီး ၁၉၅၅ ခုနှစ် မှာ အာရှ-အာဖရိက ကွန်ဖရင့်ကို အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ မှာကျင်းပခဲ့တာမှာ ဒီမူ ၅ရပ်နဲ့ပတ်သတ်လို့ တင်ပြခဲ့တာတွေကို အာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။
မူ ၅ ချက်ထဲမှာ နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနဲ့အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားဖို့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်တာမလုပ်ဖို့၊ ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခြင်းမလုပ်ဖို့ ၊ နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေဖို့ဆိုတာ ပါဝင်ပါတယ်။
အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်း ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်အတွင်းကလည်း တရုတ်နိုင်ငံသွားရောက်ခဲ့ဖူးပြီး အခုတခေါက်ဟာ စစ်အာဏာသိမ်း ၃ နှစ်အလွန် ဦးသိန်းစိန့်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်လာပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက တရုတ်နိုင်ငံကို သွားရောက်တာ မရှိပါဘူး။
မြန်မာမှာအရပ်သားအစိုးရ ကိုဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်သံတမန်တွေဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ တရုတ်သံအမတ်ဟာ နေပြည်တော်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုသွားရောက်တွေ့ဆုံပါတယ်။
ဇွန်လ ၂၆ ရက်နေ့ သံအမတ်ကြီး Mr. Chen Hai က နေပြည်တော်မှာ သမ္မတဟောင်း ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ၊ တရုတ်- မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ကိစ္စရပ်မတွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
bit.ly/2VhJ12U
Subscribe our channel:
/ @mizzimanewstv
Follow us:
Facebook | Myanmar Language / mizzimadaily
Facebook | English language / mizzimamyanmarnews
Facebook | Mizzima+TV / mizzimaplustv
Twitter / mizzimanews
Telegram t.me/mizzimatv
Sportify open.spotify.c...
Mizzima TV App onelink.to/jnuwak
Mizzima Weekly Analysis & Insight Patreon patreon.com/Mi...
Website :
bur.mizzima.com
eng.mizzima.com
www.mizzima.tv
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
Негізгі бет သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်
Пікірлер: 13