သရက်သီးထမင်းလိပ်
ပါဝင်ပစ္စည်းများ
ရှမ်းဆန် - ၃၅၀ ဂရမ် (ချက်ပြီးသား)
ဗီနီကာ - ၁၂၀ ဂရမ်
သကြား - ၈၅ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရေညှိ
သရက်သီး - ၁ လုံး (အခွံခွာ ပါးပါးလှီးထားပါ)
သခွားသီး - ၁ ခြမ်း (အစေ့ထုတ်ပြီး အချောင်းလေးတွေလှီးထားပါ)
ကဏန်းချောင်း
မရောနိစ်
ပြုလုပ်နည်း
ဦးစွာ ဆူရှီဗီနီကာပြုလုပ်ရန် ဒယ်အိုးကို အပူပေးပါ။ ပြီးလျှင် ဗီနီကာ၊ သကြား၊ ဆား တို့ကိုထည့်ပြီး သကြားကြေသည်အထိ မွှေပါ။ ပြီးလျှင် ဆူရှီဗီနီကာကို အအေးခံထားပါ။ ပြီးလျှင် ထမင်းပန်းကန်ထဲ ဆူရှီဗီနီကာကို ထည့်ပါ။ နှံ့စပ်အောင် မွှေပြီး ထမင်းထဲကို ဆူရှီဗီနီကာစိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်ခန့် အအေးခံထားပါ။
ဆူရှီထမင်းလိပ်ရန် ( ထမင်းလိပ် ၁ လိပ်စာအတွက်)
ယင်းလိပ်ပေါ် ရေညှိဖက်ကို တင်ပါ။ ပြီးလျှင် ရေညှိပေါ် ဆူရှီထမင်း ၈၀ ဂရမ်ကို ဖြန့်ပြီး တင်ပါ။ ပြီးလျှင် တစ်ဖက်လှန်ပေးပါ။ လှန်လိုက်တဲ့ ရေညှိပေါ်ကို သခွားသီး ၅၀ ဂရမ်၊ ကဏန်းချောင်း ၉၀ ဂရမ် တို့ တင်ပြီး လိပ်ပါ။ ထမင်းလိပ်ရလာပြီဆိုလျှင် ပါးပါးလှီးထားတဲ့ သရက်သီး ၁၀၀ ဂရမ်ကို တင်ပါ။ ပြီးလျှင် ယင်းလိပ်လေးနဲ့ ဖိပေးပါ။ ပြီးလျှင်တော့ မိမိစိတ်ကြိုက်လှီးဖြတ်ပြီး မရောနိစ်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
#Taste_Window_Food_Magazine
#Half_Potato_Food_Television
#ChefLinn
#သရက်သီးထမင်းလိပ်
Негізгі бет သရက်သီးထမင်းလိပ်
Пікірлер: 1