သာသနာနှစ် ( ၅၀၀၀ ) နောက်ပိုင်းဖြစ်လာမည့် အကြောင်း အရာ (၁၈) ချက်🙏
၁။ ကမ္ဘာတစ်ဝန်းကဘုရားဓာတ်တော်တွေ ဗောဓိညောင်ပင်သို့ ပြန်စုပြီး နိမ္မိတဘုရားအဖြစ် တကြိမ်တရားဟောမည်။
၂။တရားဟောသောအခါ နတ်ဗြဟ္မာများ ဝိဇ္ဇာပုဂ္ဂိုလ်များ အရိယာသောတာပန်များ သူတော်စဉ်ရသေ့များ တရားနာကြားပြီး ကျွတ်တမ်းဝင်ကြမည်။
၃။တရားဟောပြီးသောအခါ နိမ္မိတဘုရားသည် ဓာတ်တော် ပြန်ဖြစ်ကာ ဓာတ်တော်သည်လည်း ထိုနေရာတွင် တေဇောဓာတ်မီးလောင်ကာ ချုပ်ငြိမ်းသွားတော့မည်။
၄။ထိုအချိန်တွင် လူသက်တမ်းက( ၁၀ )နှစ်သာရှိတော့ပြီး (၅ )နှစ်တွင် အိမ်ထောင်ပြုကြမည်။
၅။ကြီးသူကိုရိုသေခြင်းမရှိတော့ဘဲ လောဘ ဒေါသ မောဟ များက အတိုင်းအဆမရှိအားကြီးမည်။
၆။မကောင်းမှုဒုစရိုက်တွေသာ များပြီး ခိုးဆိုးလုနှိုက်သတ်ဖြတ်ကြပြီး တရားဥဒေ ကင်းမဲ့မည်။
၇။ တစ်ကမ္ဘာလုံး စစ်မီးများသာတောက်ပြီး လူများစွာ သေကြမည်။ စစ်မဖြစ်သော နေရာတွင် ကပ်သုံးပါးနှိပ်စက်၍ သေကြမည်။
၈။စစ်ဘေး ကပ်ဘေး ရန်ဘေးများ ကြောင့် သူတော်ကောင်း အနည်းစုသည် တောနက်ထဲ ဝင်ပုန်းကြမည်။
၉။ ကမ္ဘာတစ်ခုလုံးက လူသားများ စစ်ဘေး ကပ်ဘေး များကြောင့်
သေဆုံးကြသောအခါ တောနက်ထဲကသူတော်ကောင်း အနည်းစုသာကျန်မည်။
၁၀။ မြို့တိုင်းရွာတိုင်းသည် ပျက်စီးကာလူသေများ အပုပ်များ ပြည့်နှက်နေကာ အချိန်ကြာသော် တောကြီးဖုံးအုပ် ကာ တောနက်ဖြစ်သွားမည်။
Негізгі бет သာသနာနှစ် ၅၀၀၀ နောက်ပိုင်းဖြစ်လာမည့် အကြောင်း အရာ ၁၈ ချက်🙏
Пікірлер