သဲကားနဲ့ တိုက်မိကာ ဦးခေါင်းမှာ ပျော့အိအိဖြစ်နေတဲ့ လူငယ်လေး
သဲကားနဲ့တိုက်မိကာ ဦးခေါင်းတွင်ဒဏ်ရာရရှိသွားသော အသက် ၁၅နှစ်လူငယ်လေးပါ။
ဦးခေါင်းရှေ့နဖူးနှင့်ငယ် ထိပ်ကိုစမ်းကြည့်ရင်အိနေပြီးအရည်များကိုစမ်းမိသလို ခံစားရပါသည်။
ဦးခေါင်းခွံအတွင်းကကွဲကာ အရည်များ ထွက်လာသလားတော့မသိ။
ထိုနေရာများကိုကိုင်လျှင် မနာတော့လဲ ခေါင်းကိုက်သည့်ဝေဒနာကိုခံစားရသည်ဟဆိုပါသည်။
ပုဂ္ဂလိကအထူးကုဆေးရုံမှာသာကုသလို့ရမှာကြောင့် ကုန်ကျစားရိတ်က သိန်းသုံးလေးဆယ်ကုန်ကျနိုင်ပါသည်။
ဒီကလေးမှာ အဖေကမရှိ အမေကကွမ်းယာရောင်းသူမို့ ဘယ်တတ်နိုင်ရှာမလဲ။ လောလောဆယ် ဆေးဝယ်သောက်ဖို့ငါးသောင်းကျပ်ကူညီခဲ့ပါတယ်။
ဆေးရုံတက်ခွဲစိတ်ကုသနိုင်ဖို့အရင်စုံစမ်းပြင်ဆင်လိုက် ပါဦးမည် လိုအပ်ပါကအလှုခံပါမယ်ဗျ။ မနွယ်နွယ်ဦး မွေးနေ့အလှုဖြစ်ပါတယ်။
ONE TO ONE ကလေးလူနာကူညီရေး
ကိုဝမ်း (စိုင်းနေမျိုးမောင်မောင်)
09765765179 ၊ မန္တလေ:မြို့။
Негізгі бет သဲကားနဲ့ တိုက်မိကာ ဦးခေါင်းမှာ ပျော့အိအိဖြစ်နေတဲ့ လူငယ်လေး
Пікірлер: 8