"သီတဂူမေတ္တာခေါင်းလောင်းတော်ကြီးပြီးစီးမြည်ဟီးလေပြီ"
သီတဂူဆရာတော်ကြီးသည် ယနေ့ကျရောက်သောသီတင်းကျွတ်လပြည့်နေ့အခါသမယ၌ ရုရှားနိုင်ငံ၊ Ethnomir ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ မြန်မာတို့တည်ထားသောရွှေစည်းခုံစေတီတော်မြတ်ကြီးတွင်သီတဂူမေတ္တာခေါင်းလောင်းတော်ကြီးကို ရိုက်တီးလျက် "ကမ္ဘာတစ်ဝှမ်းလုံး ငြိမ်းချမ်းပါစေ၊ ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝှမ်းလုံး တိုက်ခိုက်မှုတွေ အပြီးချုပ်ငြိမ်းပါစေ" ဟု ဆုတောင်းမေတ္တာပို့သ။
ယခုအခါ စေတီတော်ကြီးနှင့်ခေါင်းလောင်းတော်ကြီးတပ်ဆင်ခြင်း၊ မြန်မာမှုများတပ်ဆင်ခြင်း လုပ်ငန်းများ ၉၅% ပြီးစီး၍ ဆေးသုတ်အပြီးသတ်ခြင်းလုပ်ငန်းများသာကျန်ရှိပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ဗီဒီယိုဓာတ်ပုံ။ သီတဂူကျော်ဆန်းဝင်း
သတင်း။ သီတဂူအပြည်ပြည်ဆိုင်ရာသတင်းအဖွဲ့
Негізгі бет "သီတဂူမေတ္တာခေါင်းလောင်းတော်ကြီးပြီးစီးမြည်ဟီးလေပြီ"
Пікірлер: 35