ရှမ်း-မန်း စစ်ရေးလှုပ်ရှားမှုနှင့် လားရှိုး စစ်မျက်နှာ (ရုပ်/သံ)
ဧရာဝတီ၊ ဇူလိုင် ၂၀၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးတာဝန်တွေကို ယူထားရတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ကဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ နယ်မြေအများဆုံး ဆုံးရှုံးခဲ့ရတဲ့ စစ်တိုင်းတခုဖြစ်ပါတယ်။
ပထမအကြော့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ဖိအားပေးမှုကြောင့် ယာယီအပစ်အခတ်ရပ်စဲခဲ့လို့ စစ်ကောင်စီ အသက်ရှုချောင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ တကြော့ပြန်ပေါ်ပေါက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဟာ ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်မြို့ အနောက်ခြမ်းကို ထိန်းချုပ်လိုက်သလို ရမခ တည်ရှိရာ လားရှိုးပါ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ အခြေအနေရောက်ရှိသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီစစ်ဆင်ရေးနဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် တွေဦးဆောင်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးဟာလည်း အရှိန်အဟုန်မြင့်လာတာတွေ့ရပြီး မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာ စတဲ့နေရာတွေမှာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေလို့ စစ်ကောင်စီဘက် စစ်စခန်းအများအပြားဆုံးရှုံးမှု၊ လက်နက်ချအလင်းဝင်မှုတွေ ဖြစ်ပေါ်နေပါတယ်။
#ဧရာဝတီ #ရှမ်း-မန်းစစ်ဆင်ရေး #၁၀၂၇ စစ်ဆင်ရေး #လားရှိုး #ရှမ်းပြည်နယ်မြောက်ပိုင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR
Негізгі бет ရှမ်း-မန်း စစ်ရေးလှုပ်ရှားမှုနှင့် လားရှိုး စစ်မျက်နှာ (ရုပ်/သံ)
Пікірлер: 265