လူတိုင်းနီးပါးကြိုက်ကြတဲ့ ရှမ်းခေါက်ဆွဲလေးပါ.
ရှမ်းခေါက်ဆွဲချက်နည်းလေးက ရန်ကုန်မှာရောင်းတဲ့ ရှမ်းခေါက်ဆွဲအရသာနဲ့အနီးစပ်ဆုံးတူအောင်ချက်ထားပါတယ်.
ရိုးရာအစားအစာချက်ပြုတ်ပြပေးတဲ့အခါမှာ တာဝန်ကြီးတယ်လို့ ခံစားရပါတယ်. တယောက်နဲ့ တယောက်ချက်နည်း မတူတာကြောင့် အနည်းငယ်ကွဲပြားမှုရှိနိုင်ပါတယ်ခင်ဗျာ.
ဟင်းအနှစ်တခွက်ချက်ထားရင် အိမ်မှာ မိသားစုနဲ့တူတူ ကိုယ်ချစ်ရတဲ့သူနဲ့တူတူ အလွယ်ကူဆုံးချက်စားနိုင်ပါပြီ.
ပါဝင်ပစ္စည်းများ
ရှောက်ကောမှုန့် Cao Gao Powder
နာနက်ပွင့်မှုန့် Star anise powder
Chili powder - 1 tbsp
Roasted Chili powder - 2 tbsp
Cooking Oil
ကြက်သွန်ဖြူကို ဆီချက်ချက်ပြီး နှမ်းလှော် ၁ ဇွန်းထည့်ထားပေးပါ. (နနွင်းမှုန့်မထည့်ရပါ)
မြေပဲလှော်ကိုကြိတ်ထားပြီး နှမ်းလှော် ၁ ဇွန်းထည့်ပေးပါ.
နံနံပင် နဲ့ ထောင်းထားတဲ့ကြက်သွန်ဖြူ ။ ဆား ကို ရေနွေးစိမ်ထားပါ
စက်နဲ့ကြိတ်ထားတဲ့ဝက်သားထဲကို
ပဲငံပြာရည်. အချိုမှုန့်. သ◌ကြား . တရုတ်မဆလာ ထည့်ပြီးနှပ်ထားပါ.
ခရမ်းချဉ်သီး. ကြက်သွန်နီ. ကြက်သွန်ဖြူ. ချင်း ကို ကြိတ်ထားပါ.
ဟင်းအနှစ်ချက်တဲ့အခါမပါမဖြစ်ကပဲပိစပ်အစပ်( toban djan) အနှစ်ပါ.
ဆန်ခေါက်ဆွဲကိုရေစိမ်ပြီး ရေနွေးနဲ့ပြုတ်ထားပေးပါ.
ပါဝင်ပစ္စည်းအားလုံးထည့်ပြီး ကြာညို့ခေါ် ပဲငံပြာရည်အချို ထည့်ပေးပါ. မိမိစိတ်ကြိုက် ပဲရွက်သို့ ထိုင်ဝမ်မှုန်ညှင်းထည့်ပါ. ကြက်သွန်မြိတ်ဖြူးပါ.
Негізгі бет Тәжірибелік нұсқаулар және стиль ရှမ်းခေါက်ဆွဲချက်နည်း Shan Noodle Recipe
Пікірлер: 133