ရွှေဈေးနှုန်း ကျဆင်းနေမှုကြောင့် လာရောက်ရောင်းချသူ များနေ
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
ပြည်တွင်းရွှေဈေးနှုန်းသည် တဖြည်းဖြည်း ကျဆင်းလာနေပြီး ယခု စက်တင်ဘာလ ဒုတိယပတ်တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၂ သိန်းခန့်အထိ ကျဆင်းသွားခြင်းကြောင့် ဝယ်ယူမှုထက် လာရောက် ရောင်းချမှု များပြားနေသည်ဟု ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။
ဘာ ၄ ဘာဟု ဆိုသည့် စက်တင်ဘာလမှစတင်၍ ဒီဇင်ဘာလအထိသည် ကမ္ဘာတစ်ဝှမ်း ရွှေဈေးနှုန်းများ ကျဆင်း သည့် ကာလဖြစ်ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျဆင်းလာခြင်းဖြစ်ကြောင်း ၊ ထပ်မံ၍လည်း ရွှေဈေး နှုန်းသည် အကျပိုင်းသို့ ဦးတည်သွားနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
Websiteတွင်ဖတ်ရှုရန် - - -cnimyanmar.com/.../loca.../17...
#ရွှေဈေးနှုန်း #ကျဆင်း #အရောင်းများ #ဈေးကွက် #စီးပွားရေး #CNImyanmar #cninews
CNI Telegram Channel-----t.me/ChannelNewsIndependent
CNI Twitter Link----- / channelnewsind1
Негізгі бет Тәжірибелік нұсқаулар және стиль ရွှေဈေးနှုန်း ကျဆင်းနေမှုကြောင့် လာရောက်ရောင်းချသူ များနေ
Пікірлер: 123