မုန်းမေ့ပါနိုင်ရုပ်ရှင်ဇာတ်ကားထဲက နာမည်ကြီး မူလလက်ဟောင်းရွှေလည်တိုင်သီချင်းပါ။ ဇာတ်လမ်းထဲ စုံတွဲဆိုခဲ့ဟန်မတူပေမဲ့ .. ဦးဦးကပထမပိုဒ်ပဲဆိုထားတာနဲ့ တပုဒ်လုံးဆိုထားတဲ့ မမကြီး တင်တင်မူရဲ့ ဒုတိယအပိုဒ်လေး ပေါင်းလို့ အဆင်ပြေတာနဲ့ ပေါင်းထားတာပါ။
ရုပ်ရှင်အလွမ်းပြေနားဆင်ကြရအောင်ပေါ့။
ရွှေလည်တိုင်သီချင်းနာမည်ကျော်ကြားမှုဟာ ဒီဘက်ခေတ်ထိရောက်ရှိခဲ့ပြီး နာမည်ကြီးအဆိုတော်တွေ ရွှေလည်တိုင်နာမည်နဲ့သီချင်းရေး၊ဆိုခဲ့ကြပြီး ရွှေလည်တိုင်နာမည်နဲ့သီချင်းတိုင်းပေါက်ခဲ့တာကတော့ ဆရာရွှေပြည်အေးအတွက် ဂုဏ်ယူစရာတခုလို့မှတ်တမ်းတင်ထားရမှာလဲဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ဝင်တေးတွေ စုဆောင်းပေးကြတဲ့
ဂန္တဝင်မြန်မာသံအဖွဲ့နဲ့ပတ်သက်သမျှအားလုံးကို ကျေးဇူးတင်လျက်ပါ။
#winoothesinger #winootheactor
Негізгі бет ရွှေလည်တိုင် တေးရေး - ရွှေပြည်အေး တေးဆို - ဝင်းဦး၊တင်တင်မူ (မုန်းမေ့ပါနိုင်ရုပ်ရှင်ကားဇာတ်ဝင်တေး)
Пікірлер: 39