ဆိုင်ကယ်နဲ့ အင်ဂျင်ဝိုင် (သို့မဟုတ်)
အင်ဂျင်နဲ့ အင်ဂျင်ဝိုင် ဟန်ချက်ညီလျင်
ဆီလည်းသန့်သန့်သုံးမယ်ဆိုလျှင် (အနည်/အမှုံအမွှား/ဂျီး) မပါရလေအောင်။ ဆိုင်ကယ်ပိုင်ရှင်ကလည်း ဂရုစိုက်စီးနင်းမယ်ဆိုလျှင် (ပုံမှန် လဲပေးရမယ့်ပစ္စည်းတွေ လဲရုံကလွဲပြီး) အင်ဂျင်ခွဲရဖို့ဆိုတာ (၁၀) စီးမှာ တစ်စီးတောင် မရှိနိုင်ဘူးလို့ ယုံကြည်ပါတယ်။
ဥပမာ-
ပုံမှန်မဖြစ်မနေ လဲရသည့်ပစ္စည်းဖြစ်တဲ့။
#အပြင်ပိုင်း
၁။ တာယာများ။
၂။ ချိန်း/စပေါ့ကပ်။ (ချိန်းပုံးအား မကြာခဏဖွင့် စစ်ဆေးပြီး သဲဖုံများ ဆေးကြော့ခြင်း။) ချိန်းကြိုးအား တတ်နိုင်က ချိန်းဆီသုံးရန်။
၃။ Battery (မီးလိုင်းများလည်း ဂရုစိုက်သင့်ပါသည်။)
၄။ ဘရိတ်များ။ (ဘရိတ်ဆီအား အနည်းဆုံး ၁နှစ်၁ခါအသစ်ချိန်းရန်လိုအပ်သည်။)
#အတွင်းပိုင်း (အင်ဂျင်အတွက်)
၁။ ဆီ သန့်ရှင်းမှုဂရုစိုက်ရန်။ (ဆီသန့်ခြင်းဆိုသည်မှာ 95 ထည့်သုံးခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ အနည်၊ အမှုံများ၊ ဂျီးများ၊ မသန့်ရှင်းသောဆီထည့်သုံးမိခြင်းမျိုးကို ဆိုလိုပါသည်။)
၂။ အင်ဂျင်ဝိုင်အား မိမိဆိုင်ကယ်နဲ့ ကိုက်ညီသည်ကိုလဲရန်။ (ဆိုလိုသည်မှာ ဟိုင်းဝေးအမောင်းများသလား။ မြို့တွင်းလောက်လား။ ဒါကို အခြေခံပြီး အပြစ် အကျဲ သုံးရတာကိုဆိုလိုပါသည်။)
၃။ လေဇကာများ။ ဆီတိုင်ကီများ။ ဆီစစ်ဇကာများ ၆လဖြစ်စေ၊ စစ်ဆေးရန်။ ဆီတိုင်ကီ သံချေးမှုံများဆေးခြင်း။
၄။ ၁နှစ်တခါဖြစ်စေ၊ ခရီးသွားလာ (ဖုံထူ၊ သဲတော) မောင်းနှင်မှုပေါ်မူတည်၍ဖြစ်စေ၊ ဆိုင်ကယ်တစ်စီးလုံးအား ကာဗာများချွတ်၍ အကြီးစား ဆေးကြော့သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါသည်။
ကျတော်ကတော့ မိုးကုန်ရင် တခါ။ နွေအကုန် မိုးဝင်ခါနီးတခါ။ မဖြစ်မနေ ကာဗာများအားလုံးချွတ်ပစ်ပြီး ဖုံ သဲများကို ဆေးကြောပါသည်။ ဝါယာရိန်းလိုင်းများစစ်ဆေးခြင်း။ မီးလိုင်းစစ်ေဆးခြင်း၊ မီးသီးငုတ်များ ဆားပေါက်မပေါက်စစ်ဆေးခြင်း၊ ဆော့ကပ်များအားလုံး ဂျီးတက် ဆားပေါက်မပေါက်စစ်ဆေးခြင်းအပြင် ဆီတိုင်ကီဆေးခြင်း၊ ဆီစစ်ဇကာ အသစ်လဲခြင်း စသည်ဖြင့် ပြုလုပ်ပါသည်။
#မာစတာမိုး
Негізгі бет ဆိုင်ကယ် အင်ဂျင်ဝိုင် အပိုင်း၂ Full HD 1080p
Пікірлер: 7