Stir Fry
အကြော်ဟင်းလျာများ
တရုတ်ဆိုင်တော်တော်များများမှာ အကြော်ဟင်းလျာတွေချက်ပြုတ်ပြင်ဆင်တဲ့သူကို အကြော်ဆရာ လို့ ခေါ်ကြတာ ကြားဘူးကြမှာပါ။ ခေါက်ဆွဲကြော်၊ ကုန်ဘောင်ကြီးကြော်၊ ချိူချဉ်ကြော်၊ ထမင်းကြော်စတဲ့ဟင်းလျာတွေက Stir Fry ချက်နည်းနဲ့ချက်ထားတဲ့ အကြော်ဟင်းလျာတွေပါ။ ဒီချက်နည်းက ဆီနည်းနည်း မီးနိုင်နိုင် နဲ့ အိုးပူပူမှာ မြန်မြန်ချက်ရတာကြောင့် ပါဝင်တဲ့ အသား၊ အသီးအရွက်တွေရဲ့ အဟာရဓါတ်တွေ ရော့မသွားသလို အရသာလဲရှိပါတယ်။ တရုတ်ဟင်းချက်နည်းတစ်မျိူးပါ။ အနောက်နိုင်ငံဟင်းချက်နည်းတွေထဲက Sauté ဆောတေး ထိုးတာနဲ့ဆင်ပါတယ် သို့သော်မတူပါဘူး။
wok စောက်နက်နက် အဝကျယ်အိုး ကို မီးအပူချိန်ပြင်းပြင်းနဲ့ အပူပေးပါ၊ အိုးက အငွေ့ထွက်လာခါနီးအထိအပူပေးရပါမယ်။ ပူပြီဆိုတာနဲ့ ဆီအနည်ငယ်ထည့်ပါ
(အပူခံ/အကြော်ခံဆီ ဖြစ်ဖို့လိုပါတယ် ဉပမာ မြေပဲဆီ၊ ဟင်းရွက်ဆီစသဖြင့်)၊ ဆီထည့်ပြီးတာနဲ့ ချက်ချင်း ကြက်သွန်ဖြူနီ၊ ဂျင်းထည့်ပါ အနံသင်းလာပြီဆို ချက်ချိန်ကြာမဲ့ အသားတို့၊ တိုဖူးတို့ထည့်ပါ နောက်အသီးအရွက်ထည့်၊ ကျက်ပြီဆိုရင် ပဲငံပြရည်၊ ဗင်နီကာ၊ ဆား၊ သကြားထည့် ကော်ရည်ထည့်ပြီးရင်တော့ အိုးကချလို့ ထမင်းဖြူ နဲ့ ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။
Stir Fry ချက်နည်းကိုအသုံးပြုပြီး အရသာပြတင်းပေါက်အစီစဉ်ကနေ စားဖိုမှူး အံဝင့်ထွဋ် က
ဝက်ချဉ်စပ်ကြော်၊ ကြက်ကုန်းဘောင်၊ ငါးချိူချဉ်ကြော်၊ ဝက်စင်းကော်၊ အမဲသားနှင့်ပန်းငရုတ်ပွဟင်းလျာ တို့ကိုလွယ်ကူရှင်းရှင်းလင်းလင်းချက်ပြထားပါတယ်။ Video အပိုင်းသုံးပိုင်းနဲ့ တင်ဆက်ထားပါတယ်။ လေ့လာရန်ကြာချိန်ကတော့ တစ်နာရီကျော်ကြာမြင့်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံအဆင့်ဆင့်ကိုလဲ သေချာစွာ ရှင်းပြပေးထားတာဖြစ်တဲ့အတွက် ဟင်းချက်နည်းတွေကို စိတ်ဝင်စားတဲ့၊အခုမှဟင်းစချက်မယ့် လူတိုင်းနီးပါးလိုလို Video ကိုကြည့်တာနဲ့ လွယ်လင့်တကူ ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။
#tastewindowdigital
#tastewindowmagazine
Негізгі бет Stir Fry အကြော်ဟင်းလျာကြက်ကုန်းဘောင်
Пікірлер: 15