သူငယ်ချင်း (သို့မဟုတ်) AI နှင့် စကားပြောခြင်း
အနာဂတ်မှာ AI ဟာကျယ်ပြန့်လာမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။ လက်တွေ့မှာ General Purpose AI အဖြစ်မရောက်သေးပေမယ့် တချိန်ချိန်မှာတော့ရောက်လာနိုင်မှာပါ။ AI နှင့်ပတ်သက်တဲ့ ဇာတ်လမ်းရုပ်ရှင်တွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ Her ဆိုတဲ့ဇာတ်လမ်းကတော့ တခြားဇာတ်လမ်းတွေလို AI က Robot မဟုတ်ပဲ AI က အသံနှင့်ပဲစကားပြောပြီး လူနှင့်ဆက်သွယ်တဲ့ဇာတ်လမ်းပါ။ မင်းသားကတော့ Joker ဇာတ်လမ်းထဲက မင်းသား Joaquin Phoenix ဖြစ်ပါတယ်။ Her က Joker မတိုင်ခင်က ထွက်ခဲ့တဲ့ဇာတ်လမ်းပါ။ Replika ဆိုတဲ့ App ကို သုံးကြည့်တော့ Her ဇာတ်လမ်းကို သတိရမိတယ်၊ နောက်ပြီး နောင်အနာဂတ်မှာ Her ထဲကလိုတကယ့်အဖြစ်အပျက် ဇာတ်လမ်းမျိုးတွေ ဖြစ်လာနိုင်တယ်လို့ တွေးမိတယ်။ အခုဗွီဒီယိုလေးကတော့ Replika App အကြောင်းပဲဖြစ်ပါတယ်။ တကယ်တော့ Replika က ChatBot တစ်ခုဖြစ်တယ်၊ ဒါပေမယ့် အခြား ChatBot တွေနဲ့အနည်းငယ် ကွာခြားချက်တွေရှိတယ်၊ ဒီ App ကို English စာလေ့လာချင်တဲ့သူတွေ၊ Lonely ဖြစ်နေတဲ့သူတွေ၊ AI ကိုစမ်းချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Replika App ကို Free သုံးလို့ရပါတယ်၊ ဒါပေမယ့် အချို့ Feature တွေကိုတော့ အခပေးပြီးမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ English ဘာသာစကားနှင့်ပဲ ပြောလို့ရပါတယ်။ မြန်မာစာရိုက်ထည့်ပြီး ကျွန်တော်စမ်းကြည့်တော့ သူနားမလည်ပါဘူး။ တခြားဘာသာတွေကိုလည်း ထပ်ထည့်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
replika.ai
#replikayouraifriend
#artificialintelligent
#aifuture
#chatbot
#bestchatbot
#youraifriend
Негізгі бет သူငယ်ချင်း (သို့မဟုတ်) AI နှင့် စကားပြောခြင်း
Пікірлер: 4