သွားလာရခက်ခဲပြီး ဆင်းရဲသူ များလွန်းတဲ့ ဒလမြို့ သမ္မတကမ်းခြေရပ်ကွက်က အိမ်ခြေ ၁၈၀ အတွက် စားသောက်ကုန်နဲ့ တစ်အိမ်ထောင်ကို ငွေကျပ် တစ်သောင်းစီ လှူပေးခဲ့တဲ့ စမ်းချောင်းက သူငယ်ချင်းတစ်စု
-------------------
ပရဟိတ ကိုထွန်းမင်းဟာ ဒီနေ့မှာတော့ စမ်းချောင်းက သူငယ်ချင်းတစ်စုရဲ့အလှူကို အကောင်အထည်ဖော်ပေးဖို့အတွက် သွားလာရခက်ခဲတဲ့နေရာလေးတစ်ခုဆီကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီနေရာလေးကတော့ ဒလမြို့မှာရှိတဲ့ သမ္မတကမ်းခြေရပ်ကွက်လေးပါပဲ။ သမ္မတကမ်းခြေရပ်ကွက်ဟာ သွားလာရခက်ခဲတဲ့အပြင် ဆင်းရဲနွမ်းပါးသူအများစုနေထိုင်ရာ နေရာလေးဖြစ်ပါတယ်။ အခက်အခဲကြုံနေရချိန်မှာ အခုလို လာရောက်လှူဒါန်းသူ ပေါ်လာတဲ့အတွက် အရမ်းကို ဝမ်းသာရကြောင်း သမ္မတရပ်ကွက် ဒေသခံတစ်ဦးဖြစ်တဲ့ မလှလှဝင်းကလည်း ပြောပြပါတယ်။ ဒလမြို့ သမ္မတရပ်ကွက်က နေအိမ် ၁၈၀ အတွက် တစ်အိမ်ထောင်ကို ဆန်က ၄ ပြည်၊ ဆီ ၂ ဗူး၊ ကြက်ဥနဲ့ တစ်အိမ်ထောင်အတွက် ငွေကျပ် တစ်သောင်းစီ လှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။ ဒီဘက်ကို ကိုထွန်းမင်းက အခုလို လာလှူပေးတာဟာ သုံးလေးခေါက် ရှိသွားခဲ့ပြီလို့လည်း မလှလှဝင်းက အသိပေးပါတယ်။ အခြေခံလူတန်းစားတွေ အရမ်းကို ခက်ခဲနေချိန်မှာ အခုလို အလှူဒါနပြုပေးခဲ့တဲ့ စမ်းချောင်းက သူငယ်ချင်းတစ်စုနဲ့ သွားရောက်လှူဒါန်းပေးသူ ပရဟိတ ကိုထွန်းမင်းတို့ရဲ့အလှူဒါနကို Mercury Variety ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #ExclusiveInterview #MercuryExclusiveInterview #MercuryLifeStory #LifeStory #ဆန် #ဆီ #ကြက်ဥ #အလှူဒါန #စမ်းချောင်း #သူငယ်ချင်းတစ်စု #ပရဟိတ #ကိုထွန်းမင်း #ဒလ #သမ္မတရပ်ကွက် #အိမ်ခြေ၁၈၀ #ဆင်းရဲနွမ်းပါး #သွားလာရေးခက်ခဲ #Yangon #Myanmar
Негізгі бет သွားလာရခက်ခဲပြီး ဆင်းရဲသူတွေများလွန်းတဲ့ နေရာတစ်ခုအတွက် အလှူပြုခဲ့တဲ့ စမ်းချောင်းက သူငယ်ချင်းများ
Пікірлер: 1