တစ်ထောင်ကျပ်တန် “ရွှေမောင်း” ခိုတောင်မုန့်တီစစ်စစ်
CNI Street Food
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅
တောင်ဉက္ကလာပမြို့နယ်၊(၆)ရပ်ကွက်၊အင်းဝလမ်းထိပ်မှာ ဖွင့်ထားတဲ့ “ရွှေမောင်း” ခိုတောင်မုန့်တီဆိုင်မှာ ဆိုရင်တော့ ခိုတောင်မုန့်တီစစ်စစ်ကို ကြက်သား၊ငါးဖယ်၊အမဲကြော ကြိုက်နှစ်သက်ရာထည့်ပြီး စားသုံးနိုင်ရုံသာမက ဈေးနှုန်းအနေနဲ့လည်း တစ်ပွဲကို (၁၀၀၀)ကျပ်နှုန်းနဲ့သာ ရောင်းချပေးနေတာပါ။
ဆိုင်သက်တမ်းက လပိုင်းသာရှိသေးပေမယ့်လည်း ခိုတောင်အရသာစစ်မှုအပြင် ဝန်ဆောင်မှုပိုင်း ကောင်းမွန်တာကြောင့် အချိန်တိုအတွင်းမှာ နာမည်ရလာတဲ့ လမ်းဘေးဆိုင်ကောင်းလေးတစ်ဆိုင်ကို သွားရောက်မြည်းစမ်းကြည့်ဖို့အတွက် CNI ရဲ့ စားပြီးရင်းစားအစီအစဉ်ကနေ သတင်းကောင်းပါးလိုက်ပါ တယ်။
#ခိုတောင်မု့န်တီ #ရွှေမောင်း #ခိုတောင်ရွာ #CNIMyanmar#cnistreetfood
Негізгі бет တစ်ထောင်ကျပ်တန် “ရွှေမောင်း” ခိုတောင်မုန့်တီစစ်စစ်
Пікірлер: 2