တရုတ်-မြန်မာဆက်ဆံရေးကို သက်ရောက်လွှမ်းမိုးတဲ့ အကြောင်းအချက်တွေထဲက အဓိကတခုဟာ နှစ်နိုင်ငံဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်းရဲ့ သဘောထားရှုမြင်ပုံပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသဘောထားအမြင်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ လက်တွေ့မှာ ဘယ်လောက် ပုံပြောင်းသွားသလဲဆိုတာက နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီနိုင်ငံရေး ပကတိအရှိတရားတွေရဲ့ အကန့်အသတ်ပေါ် မူတည်ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးကို ယထာဘူတကျကျ သုံးသပ်နိုင်ဖို့ သဘောထားရှုမြင်ပုံနဲ့ မျက်တွေ့လက်တွေ့ အခြေအနေတွေကွာခြားပုံတွေကို နားလည်နိုင်ဖို့ အခုဗီဒီယိုမှာ ဆွေးနွေးထားပါတယ်။
မှတ်ချက် - ဤဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
Негізгі бет တရုတ်-မြန်မာဆက်ဆံရေး အများရှုမြင်ပုံနှင့် လက်တွေ့မျက်တွေ့ ကွာခြားချက်များ
Пікірлер: 225