တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)
ယဉ်မွန်၊ ဇူလိုင် ၂၄၊ ၂၀၂၄
စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံအတွက် ကောင်းကျိုးရှိလာမှာ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဖိအားပေးတာတွေ ရပ်တန့်ဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဝေဖန်ထောက်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်နေတဲ့ လားရှိုးမြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက
တိုက်ပွဲတွေကို ခေတ္တရပ်တန့်ထားဖို့ ဇူလိုင်လ ၂၀ ရက်နေ့မှာတရုတ်နိုင်ငံက တောင်းဆိုခဲ့တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က တရုတ်ဘာသာနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အကျိုးစီးပွားထိခိုက်မှာကြောက်တဲ့ တရုတ်ဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပေါ်ပေါက်လာဖို့
ရွေးကောက်ပွဲအမြန်လုပ်ဖို့ စစ်ကောင်စီကို ဖိအားပေးနေသလို ခေါင်းဆောင်သစ် ပြောင်းလဲဖို့လဲ
ဆန္ဒရှိနေတာပါ။
တဖက်မှာလည်း သူ့အကျိုးစီးပွားရှိနေတဲ့ နယ်မြေတွေက တိုက်ပွဲတွေကို ရပ်တန့်ဖို့
လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို ဖိအားပေးချုပ်ကိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
#ဧရာဝတီ #တရုတ် #ဖိအားပေး #MNDAA #စစ်ဆင်ရေး #ရှမ်းပြည်နယ်မြောက်ပိုင်း #၁၀၂၇
Негізгі бет တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး
Пікірлер: 232