၃၀ စက်တင်ဘာ ၂၀၂၄
မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုတွေကျူးလွန်တဲ့ တရုတ်နိုင်ငံသား ခေါင်းဆောင် ၂၀ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်ရဲတွေက ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက် ပြောကြားတယ်လို့ စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းရဲ့ ရလဒ် ဖြစ်တယ်လို့လည်း သတင်းကဖော်ပြပါတယ်။
ပြစ်မှုကျူုးလွန်သူတွေဟာ ကာလကြာကတည်းက မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ဂိုဏ်းအချို့နှင့် ပူးပေါင်းကြံ စည်ပြီး လက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ရန်၊အီလက်ထရွန်းနစ်လိမ်လည်မှုများကိုဆောင်ရွက်ပြီး တရုတ်နိုင်ငံ သားများအပေါ် အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။
Source CCTV+
Негізгі бет တရုတ်နိုင်ငံသားအွန်လိုင်းလိမ်လည်ဂိုဏ်းခေါင်းဆောင် ၂၀ ဦးကို မြန်မာနှင့်တရုတ်ရဲများပူးပေါင်းဖမ်းဆီးခဲ့
Пікірлер