(Unicode)
အာဏာလွှဲပြောင်းယူထားတဲ့တပ်မတော်ကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ဆရာဆရာမတွေ Civil disobedience Movement စတင်ပြုလုပ်
ရန်ကုန် - ဖေဖော်ဝါရီ - ၅၊ ၂၀၂၁
အာဏာလွှဲပြောင်းရယူထားတဲ့တပ်မတော်ကို ဆန့်ကျင်တဲ့အနေနဲ့ ယနေ့ ဖေဖော်ဝါရီလ (၅)ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်ပညာရေးတက္ကသိုလ်ကဆရာ၊ ဆရာမများက Civil Disobedience Movement ကိုဆောင်ရွက်ခဲ့ကြပါတယ်။ ဒီ Civil Disobedience Movement ကို ကျန်းမာရေးဝန်ထမ်းတွေက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အခြားသောဝန်ထမ်းဌာနများကပါ ပါဝင်ဆောင်ရွက်လာကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ (၅)ရက်နေ့ကို Nationwide Civil Disobedience Movement Day (CDMDay) အဖြစ်သတ်မှတ်လိုက်ပြီလို့ Civil Disobedience Movement Page ကနေ ကြေညာထားပါတယ်။
(Zawgyi)
Негізгі бет တပ်မတော်ကိုဆန့်ကျင်တဲ့အနေနဲ့ရန်ကုန်ပညာရေးတက္ကသိုလ်ဆရာဆရာမတွေ Civil disobedience Movement စတင်ပြုလုပ်
Пікірлер