တီကွေ့လုပ်နည်း (年糕)
တရုတ်နှစ်သစ်ကူးရောက်ဖို့ ရက်ပိုင်းပဲလိုတော့တယ်ဆိုတော့ တရုတ်ရိုးရာ တီကွေ့လုပ်နည်းလေး ကိုတင်ပေးလိုက်ပါတယ်။ တီကွေ့ ဆို ပြီးတော့ ခေါ်ကြတဲ့ ကောက်ညှင်းမုန့်အချိုပါ။ တိုက်ရိုက်အဓိပ္ပာယ်ပြန်လိုက်ရင်တော့ နှစ်သစ်ကူးကိတ်၊ (Chinese New Year's Cake or Year Cake) ပါ။ ဘာဖြစ်လို့ ဒီတီကွေ့ကို တရုတ်လူမျိုးတွေ နှစ်သစ်ကူးတဲ့အချိန်မှာ ရိုးရာ ကန်တော့ရလဲဆိုတော့ တီကွေ့ 年糕 (nian gao) ဆိုတဲ့ တရုတ်အသံထွက်ဟာ တရုတ်ဘာသာရဲ့ အသံထွက် ဆင်တူတဲ့ 年高 (Higher Year) နဲ့တူညီပါတယ်။ ဒီမုန့်ကိုနှစ်သစ်မှာစားရင် လာမည့်နှစ်တိုင်းမှာပိုပိုပြီး အရပ်မြင့်မယ်၊ ကြီးပွားတိုးတက်မယ်၊ ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။
年 Nian (နှစ်) = 粘 Nian (ကောက်ညှင်း)
糕 Gao (မုန့်) = 高 Gao (အမြင့်, High and tall)
နောက်အဆိုအရဆိုရင်... (အောက်ပါစာပိုဒ်ကို 仰光觀音堂 Page မှာ ကူးယူဖော်ပြပါသည်)
တရုတ်ဂန္တဝင်ပုံပြင်တွေအရဆိုရင် တရုတ်အယူအဆအရ အိမ်တစ်အိမ်၏ အရေးအကြီးဆုံးက မီးဖိုချောင်ပေါ့။ ဒါကြောင့် အိမ်တစ်အိမ်ကိုစောင့်ရှောက်တဲ့နတ်တွေထဲမှာလည်း လူသားတွေနဲ့အနီးစပ်ဆုံးကလည်း မီးဖိုချောင်နတ်ပေါ့။ မီးဖိုချောင်နတ်ဟာဆိုရင် အိမ်တစ်အိမ်ရဲ့ နေ့စဉ်ပြုလုပ်နေတဲ့ ကောင်းမှု မကောင်းမှု မှန်သမျှကို စာရင်းကောက်ပြီး နှစ်ကုန်အချိန်တွင် မီးဖိုနတ်ဟာ မိုးပေါ်ပြန်ကြွ၍ မိုးနတ်မင်းကို ဒီအိမ်ရဲ့ ကောင်းသည် မကောင်းသည်များကို တင်ပြကြရတယ်။ ထိုကြောင့် နှစ်စဉ် ကွမ်တုန်းလူမျိုးများက တရုတ်၁၂လပိုင်း ၂၃ရက် နှင့် ဖူကျန့်လူမျိုးများက တရုတ်၁၂လပိုင်း ၂၄ရက်နေ့တွင် မီးဖိုချောင်နတ်အား မိုးပေါ်သို့ပို့ဆောင်ကြရတယ်။ ပို့ဆောင်တဲ့အချိန်မှာ မပါမဖြစ်ကတော့ တီကေ့ပေါ့။ တီကေ့ကိုလာဘ်ထိုးတဲ့မုန့်ဟုလည်း ခေါ်လို့ရတယ်။ တီကေ့နဲ့မီးဖိုနတ်ကိုကန်တော့ပြီး ကောင်းသတင်းများကို မိုးနတ်မင်းအား တင်ပြပေးရန် တောင်းဆိုကန်တော့ကြခြင်းဖြစ်တယ်။ တီကေ့နဲ့ကန်တော့ခြင်းဖြင့် တီကေ့ရဲ့အချိုအရသာဟာဆိုရင် အိမ်တစ်အိမ်အတွက် လာမည့်နှစ်သစ်မှစ၍ တစ်နှစ်ပတ်လုံး ငြိမ်းချမ်းခြင်းသဘောကိုဆောင်ပြီး စေးကပ်သောအရသာဟာဆိုရင် အိမ်တစ်အိမ်အတွက် တစ်နှစ်ပတ်လုံး စည်းလုံးခြင်း ပျော်ရွှင်ခြင်းဟူသောအဓိပ္ပါယ်ကိုဆောင်ပါတယ်။
ပါဝင်တဲ့ပစ္စည်းတွေကို အောက်တွင် ဖော်ပြပေးထားပါတယ်။
ကျွန်တော့် ယူ့ကျူ့ ချန်နယ်လေးကို Subscribe မလုပ်ရသေးတဲ့ သူငယ်ချင်းတွေလည်း Subscribe လုပ်ပြီး အားပေးပါဦးခင်ဗျာ။ ဒီပေ့ချ်လေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ ကျွန်တော် K2 ရဲ့ ဟင်းချက်တဲ့ ဗီဒီယိုလေးများကို အမြဲကြည့်ရှှုဖို့ ယူကျု့မှာ Subscribe လုပ်ပေးပါဦးခင်ဗျာ။ ဗီဒီယိုလေးတွေထပ်ပြီးတင်သွားဖို့ အားတွေက ကျွန်တော့် အချစ်ဆုံး K1 နဲ့ ကျွန်တော့်ရဲ့ ဗီဒီယိုလေးကို အမြဲအားပေးကြည့်ရှုပေးတဲ့ မိတ်ဆွေ တွေပါ။
လာရောက်ကြည့်ရှုသူ မိတ်ဆွေ တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
Cook for K1_ KZitem Channel
/ cookfork1
Cook for K1 _Facebook page
/ cookfork1
ပါဝင်သည့်ပစ္စည်များ
ကောက်ညှင်းမှုန့် - ၁ ခွက်
ဆန်မှုန့် - 1/8 ခွက်
ကြံသကာ - နည်းနည်း
သကြား - ၂ ဇွန်း
သကြားအညို - ၂ ဇွန်း
ရေ - ၁ ခွက်
ဆီ - ၂ ဇွန်း (ဗီဒီယို တည်းဖြတ်တုန်းက ကျန်ခဲ့သွားပါသည်... မုန့်နှစ်ထဲကို ဆီ ၂ ဇွန်းထည့်ပေးရပါတယ်)
Негізгі бет တီကွေ့လုပ်နည်း (年糕)
Пікірлер: 47