TNLA နှင့် PDF ကို SSPP က တပ်ရွှေ့ပြောင်းခိုင်း
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈
တအာင်းအမျိုးသားများလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ တပ်ဖွဲ့ဝင် များကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဇူလိုင် ၇ ရက်နေ့ညပိုင်းက တပ်ရွှေ့ပြောင်းခိုင်းခဲ့သည့် ရုပ်သံဖိုင် တစ်ခုထွက်ပေါ်လာခဲ့သည်။
အဆိုပါ တပ်ရွှေ့ပြောင်းခိုင်းသည့် နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း၌ ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
TNLA သည် SSPP တပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းမှာ တပ်ပြောင်းရွှေ့ခိုင်းခဲ့ ဖူးသည်။
ထို့နောက် TNLA နှင့် SSPP ကြား နယ်မြေအငြင်းပွားမှုများ ဖြစ်ပေါ်လာကာ ပစ်ခတ်မှုများလည်းရှိခဲ့သလို အပြန် အလှန် တပ်ပြောင်းရွှေ့ခိုင်းမှုများလည်း ရှိလာခဲ့သည်။
လက်ရှိတွင် TNLA နှင့် PDF ပူးပေါင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ နောင်ချိုနှင့် လားရှိုး၊ သီပေါမြို့နယ်များ အနီး၌ စစ်ဆင်ရေးများ ဖော်ဆောင်ကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
Website တွင်ကြည့်ရှုရန် - - -cnimyanmar.com...
#SSPP #TNLA #PDF #ရှမ်းပြည်နယ်မြောက်ပိုင်း #နိုင်ငံရေး #CNImyanmar #cninews
CNI Facebook Link--------www.facebook.c...
CNI Telegram Channel-----t.me/ChannelNe...
CNI Twitter Link----- / channelnewsind1
Негізгі бет Тәжірибелік нұсқаулар және стиль TNLA နှင့် PDF ကို SSPP က တပ်ရွှေ့ပြောင်းခိုင်း
Пікірлер: 378