ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ အချင်းချင်း ဆုံကျရင်
ဟေ့ သူငယ်ချင်း မင်းဘာတွေတိုးတက်ပြောင်းလဲနေပြီလဲကွ? ကဲ ဘယ်လို အဖြေပေးကြမလဲ ” ဒီလိုပါပဲကွာ အရင်းအတိုင်းပဲ..” အဲ့လိုလေးမဖြေချင်ပေမဲ့ ဖြေလိုက်ရတဲ့ အခိုက်အတန့်လေးတွေက ကိုယ်တွေ့ပါ။ ဝမ်းနည်းစရာသိပ်ကောင်းတယ်နော်။
ဟုတ်ပါတယ်… အရွေ့တစ်ခု ၊ အပြောင်းအလဲတစ်ခု က တကယ့်ကို ခံစားလို့ကောင်းမယ်ဆိုတာ တကယ်အကျိုးရှိမယ်ဆိုတာ ကြိုတွေးရုံနဲ့တင် ကြည်နူးမှု ရနေတဲ့အရာတစ်ခု။ လူတိုင်းလိုချင်ကြတာတော့သိပ်မဆန်းပါဘူး။ ဒီအရာက ဘယ်လောက်တောင်ခက်ခဲလိုက်လဲ?? တိုးတက်ပြောင်းလဲမှုရဖို့ တိုက်မယ်ခိုက်မယ်ဖြိုမယ်လဲမယ်ဆိုတဲ့အရာတွေချည်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုပဲကြည့်ပါ၊ တိုးတက်မှုဆီသွားနေတာမှန်နေပေမဲ့ ဝေဖန် အပြစ်တင်မှုတွေက အဖက်ဖက်ပဲလေ။ ဒါ့ကြောင့်မို့ တိုးတက်ပြောင်းလဲမှုကို လူတွေ ခက်ခဲမယ်၊ အရမ်းလုပ်ရမယ်လို့ ထင်နေတာလည်း မဆန်းသေးဘူး။ ဆန်းတာလေးတစ်ခုက လူတွေက တိုးတက်ပြောင်းလဲမှုမရှိသေးတာ… လိုချင်တဲ့ အရာတစ်ခုက ခက်ခဲမယ်ဆိုလည်းရအောင်ယူရမှာပေါ့ ဟုတ်တယ်ဟုတ်။ တိုးတက်ပြောင်းလဲမှုဆိုတာကို အကြီးကြီးမပြောကြပဲ “မနေ့က ကိုယ့်ရဲ့ ဆိုးရွားနေတဲ့အခြေအနေ ကို ဒီနေ့ပြုပြင်ဖို့” ဆိုပြီးအခြေခံကျကျလေးပြောကြရအောင်။ ဒီလောက်အခြေခံကျတဲ့ အရာလေးတစ်ခုကို ဘာကြောင့်ခက်နေရလဲ သိချင်ကြပြီမလား?? တကယ်တော့ လူတိုင်းသိပြီးသားပဲ… ကိုယ့် နေ့စဉ်ကျင့်သုံးနေတဲ့ ဘာမှ မဟုတ်တဲ့အကျင့်ဆိုးလေးတွေက နှောင့်ယှက်နေလို့ပါ။ နေ့စဉ်နေ့တိုင်းမရိုးအောင် ကျင့်သုံးနေတဲ့ အကျင့်ဆိုးသေးသေးလေးတွေကို ပြင်ပြီးမှ ကိုယ့်ဘဝပြောင်းလဲဖို့ ဦးတည် နိုင်မှာဖြစ်ပါတယ်။ ဒီအကျင့်တွေထဲက ကိုယ့်သိနေတာလည်း ပါချင်ပါနိုင်ပါတယ်။ သိပေမဲ့လည်း သတိမထားရင်မဖြစ်ပေဘူးမလား။ အချိန်တွေသာ အလီလီ ပြောင်းလဲပေမဲ့ ဒီဘဝလေး ဒီအခြေအနေလေးမှာပဲ ရပ်နေတာကြာနေပြီဆိုရင်တော့ ကိုယ့်ကိုကို Review ပြန်လုပ်ရတော့မယ်။ ကဲ့ ဘာအကျင့်တွေကို သတိထားသင့်လဲ?? ဘယ်တွေလုပ်ရမလဲဆိုတာကို နားထောင်လိုက်ပါအုံးနော်.။
#ဘဝအောင်မြင်ရေး
#စိတ်အားတက်ကြွရေး
#အကျင့်ကောင်းလာစေရန်
Негізгі бет တိုးတက်ပြောင်းလဲချင်သူများ
အတွက်လိုက်နာသင့်တဲ့
အကျင့်(၆)ချက်
Пікірлер: 101