Special Advisory Council for Myanmar
📌 ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ နိုင်ငံတကာအကူအညီများ၊ စောင့်ကြည့်သူများနှင့် စုံစမ်းစစ်ဆေးသူများ လွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင်စေရေးအတွက် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရမည်။
📌 ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အရပ်သားများအား အကာအကွယ်ပေးရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်တွင် ၎င်း၏ တာဝန်ဝတ္တရားများကို လိုက်နာထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မှ ပြောကြားလိုက်သည်။
📌 ULA/AA မှ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော လူမျိုးရေး၊ ဘာသာရေး အသိုင်းအဝိုင်းအားလုံး၏ လူ့အခွင့်အရေးအား မြှင့်တင်ပေးရန်အတွက် ၎င်းအနေနှင့် ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။ ယခုတွင်မူ ယင်းအား သက်သေပြရမည်ဖြစ်သည်။
📌 ယခုနောက်ဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ခိုင်မာသော အထောက်အထား အဖြစ် သက်သေထူနေသည့်အလျောက် မြန်မာနိုင်ငံတွင် နိုင်ငံတကာဥပဒေကို ပြင်းထန်လေးနက်စွာ ချိုးဖောက်မှုများ၏ ကျူးလွန်သူများ အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုသည် အရပ်သားများအပေါ် ဆက်လက် ရက်စက်ကြမ်းကြုတ်မှုပေါက်ထွန်းစေသည့် အခြေအနေများအား သေချာစေလေသည်။ မြန်မာနိုင်ငံတွင်း တရားမျှတမှုအား ဆောင်ကြဥ်းရန်နှင့် ရာဇဝတ်မှုကျူးလွန်သူများ အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုအား နောက်ဆုံးအနေနှင့် အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေ ပိုမို လုပ်ဆောင်ရမည်ဖြစ်သည်။
PR: tinyurl.com/3s...
Негізгі бет ULA/AA မှ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌ ခိုင်မာသော အထောက်အထားများရှိ
Пікірлер: 12