ချိုချိုချဉ်ချဉ်နဲ့ စားကောင်းတဲ့ ဝက်သားချိုချဉ်ကြော်လေးပါ။ စိတ်ကြိုက်အသီးအရွက် တွေကို ထည့်ပြီးလည်း ချက်ပြုတ်နိုင်ပါတယ်။ ချက်နည်းကို စာနဲ့ရေးပေးထားပါတယ်ခင်ဗျာ။
မိမိစိတ်ကြိုက်အသားကို အတုံးသေးသေးတုံးပြီး
ကြက်သွန်ဖြူအမှုန့် - အနည်းငယ်
ဟင်းချက်ဝိုင် - ၁ ဇွန်း
ပဲငံပြာရည်အကြည် - ၁ ဇွန်း
ထည့်ပြီး နှပ်ထားပေးပါ။
ပြီးရင် ဆော့စ်ဖျော်ထားပါမယ်။
ချိုချဉ်ဆော့စ်ဖျော်ရန်
ခရမ်းချဉ်သီးအနှစ် - ၂ ဇွန်း
နာနတ်သီးအချိုရည် သို့ တရုတ်ဆီးသီးအချိုရည် - ၁ ဇွန်း
သကြား - ၂ ဇွန်းခွဲ
ရှာလကာရည် - ၂ ဇွန်း
ပဲငံပြာရည်အကြည် - ဇွန်း တဝက်
ရေ အနည်းငယ်ထည့်ပြီးဖျော်ထားပေးပါ။
ပြီးရင် ကော်မှုန့် ၁ ဇွန်းနဲ့ ရေ ၃ ဇွန်းလောက်ကိုရောမွှေပြီး အသင့်ထားထားပါ။
ဟင်းသီးဟင်းရွက်များကိုကြိုပြီး လှီးဖြတ်ထားပေးပါ။
ကြက်သွန်နီ - ၁လုံး (လေးစိတ်စိတ်ထားပါ)
ပြောင်းဖူးအသေး - ၃ ဖူး
ခရမ်းချဉ်သီး - ၁လုံး
ငရုတ်ပွ အနည်းငယ်
အသားကြော်ရန်အတွက် နှပ်ထားတဲ့အသားထဲကို ကြက်ဥ အနှစ် ၁ လုံးထည့်ပါ။ ပြီးရင် ပြောင်းကော်မှုန့် (သို့) အကြော်မှုန့် ထည့်ပြီး အမှုန့်တွေနဲ့ အသားတွေကို ခပ်ဖွဖွ ဆုပ်ပေးပါ။ အမှုန့်တွေကို အနည်းငယ်ခါချပြီး ဆီပူပူထဲမှာ ကြော်လို့ရပြီဖြစ်ပါတယ်။ ရွှေအိုရောင်သန်းလာရင် ဆယ်ထားပါ။
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့် နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပေးပါ။ မွှေးလာရင် ကြက်သွန်နီထည့်ပါ။ ကြက်သွန်နီအနည်းငယ်ကြည်လာပြီဆိုရင်ကျန်တဲ့အသီးအရွက်တွေထည့်မယ်. ကျက်အောင်ကြော်ပြီးရင် ဖျော်ထားတဲ့ဆော့စ်တွေထည့်မယ်။ ဆော့စ်တွေ ပွက်ပွက်ဆူလာရင် ကော်ရည် ၃ ဇွန်းလောက်ထည့်ပါ။ အရမ်းပျစ်ပျစ်ကြီးမဖြစ်စေဘဲ အနေတော်ရပြီဆိုရင် ကြော်ထားတဲ့အသားတွေထည့်ပါ။ အားလုံးမွှေပြီးရင် အရသာရှိတဲ့ ချိုချိုချဉ်ချဉ် ချိုချဉ်ကြော်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
Негізгі бет ဝက်ချိုချဉ်ကြော် Sweet and sour pork
Пікірлер: 20