ယခုနှစ်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာမလား(ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် အင်တာဗျူး)
-----------------------
နွေဦးတော်လှန်ရေးကာလ ၂နှစ်ကျော်အတွင်း တော်လှန်ရေးရဲ့အရှိန်အဟုန်ဟာ ဆက်လက်ကြီးထွားနေပြီး အခုဆိုရင် တိုက်ပွဲတွေဟာ မြို့ပြတွေနားအထိကို ချဉ်းကပ်လာနေပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ဒီနှစ်အတွင်းမှာ အခုထက်ပိုတဲ့ စစ်ရေးအရှိန် မြှင့်ဖို့ရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တွေရဲ့ အသည်းနှလုံး မြို့နေပြည်တော်ကို ဦးတည်မယ့် ‘လမ်းအားလုံး နေပြည်တော်သို့’ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးစီမံချက်တစ်ရပ်ကိုလည်း သူက အသိပေးလိုက်ပါတယ်။
၂နှစ်အတွင်းမှာ တပ်တည်ဆောက်မှုနဲ့ တပ်ဖြန့်နေရာယူမှု ပြီးစီးပြီဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဘယ်လောက်အထိ ပြင်းထန်နိုင်ပါသလဲ။ ဒီနှစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စစ်ရေးအလားအလာတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း - စထွန်းအောင်
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.userroll.c... နှိပ်၍ လှူဒါန်းနိုင်ပါသည်)
Негізгі бет ယခုနှစ်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာမလား
Пікірлер: 409